“International Integrative Medicine Expo” ပြပွဲသို့ဖိတ်ကြားလာခြင်းကိစ္စ

Written by  //  January 5, 2016  //  Exhibition News  //  No comments

၁။ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျော်လာနမ်ဒိုပြည်နယ်၊ ဂျန်ဟွန်းဂွန်းခရိုင်၊ အန်ယန်းမြောင်မြို့တွင် ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့မှ (၃၁) ရက်နေ့ အထိကျင်းပပြုလုပ်မည့် “International Integrative Medicine Expo” ပြပွဲသို့ သက်ဆိုင်ရာမြန်မာနိုင်ငံမှကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်အသင်းအဖွဲ့များ ပါဝင်တက်ရောက်နိုင်ပါရန် အသင်းချုပ်သို့ ရည်ညွန်းချက်ပါစာဖြင့် ဖိတ်ကြားလာပါသည်။

၂။ အဆိုပါစာတွင် နိုင်ငံအလိုက်တိုင်းရင်းဆေးပညာများကို အမြင်ခြင်းဖလှယ်နိုင်မည်ဖြစ်ပြီး ပြခန်းများ ခင်းကျင်း ပြသနိုင်မည်ဖြစ်ပါကြောင်း၊ ပြခန်းတစ်ခန်း ကိုလည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

၃။ သို့ဖြစ်ပါ၍ တက်ရောက်လိုသော စိတ်ပါဝင်စားသည့် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကျန်းမာရေးနှင့်ပတ်သတ်သော အသင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက Foreign Cooperation Team: +82-61-860-7527-7528, Hae-jung, KIM, Tel: +82-10-9232-5722, Email:hjkim517@korea.kr နှင့် အသင်းချုပ်ပြပွဲဌာနစိတ် Phone:၂၃၁၄၃၄၀~၄၉ Ext:၃၀၁၊ Mobile:၀၉-၄၅၀၂၀၀၃၅၀၊ E-mail: ma@umfcci.com.mm သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အကြောင်းကြားဖိတ်ကြား အပ်ပါသည်။

Download (PDF, 13.53MB)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm