Invitation to attend “2nd ASEAN-U.S. Business Summit: SMEs and the Global Supply Chain” ကျင်းပမည်

Written by  //  August 19, 2014  //  UMFCCI News  //  No comments

၂၀၁၄ခုနှစ်၊ သြဂုတ်လကုန်တွင် နေပြည်တော်၌ကျင်းပမည့် အာဆီယံစီးပွားရေးဝန်ကြီးများ၏ (၄၆) ကြိမ်မြောက်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ (46th AEM Meeting

& Related Meetings) ကာလအတွင်း Sideline event အဖြစ်ကျင်းပပြုလုပ်မည့် 2nd ASEAN-U.S. Business Summit အား Expanded Economic Engagement (E3) အရ အာဆီယံဒေသတွင်းနှင့် အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့နိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် အာဆီယံဒေသများနှင့် အမေရိကန်ပြည်ထောင်စုအကြား အစိုးရ၊ ပုဂ္ဂလိကတို့ ပူးပေါင်း၍ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) အား ဒေသတွင်းနှင့်နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရေးနှင့် ဖွံဖြိုးတိုးမြှင့်မှုလုပ်ဆောင်နိုင်ရေး၊ ထုတ်ကုန်ဝန်ဆောင်မှုဖြန့်ဖြူးရောင်းဝယ်ရေး ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ အာဆီယံဒေသတွင်းနှင့် အမေရိကန်ပြည်ထောင်စုအကြား SMEs လုပ်ငန်းများ၏ အရေးပါမှုအခန်းကဏ္ဍ၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအတား အဆီးများလျော့ချနိုင်ရေး အတွက် ကြိုးပမ်းမှုများအား အဓိကထားဆွေးနွေးတင်ပြ ကြမည်ဖြစ်ပြီး အခမ်းအနားကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြု လုပ်မည်ဖြစ်ပါသည်။

ကျင်းပမည့်နေ့ရက် – ၂၈.၈.၂၀၁၄ရက်နေ့

ကျင်းပမည့်အချိန် – ၈း၀၀ နာရီမှ ၁၂း၃၀နာရီ (Summit)

၁၉း၃၀ နာရီမှ ၂၁း၀၀ နာရီ (Reception)

ကျင်းပမည့်နေရာ – Royal ACE Hotel ၊ နေပြည်တော်
သို့ဖြစ်ပါ၍ အထက်ပါသို့ တက်ရောက်ပေးပါရန်နှင့် စနစ်တကျဆောင်ရွက်ပါရန် လမ်းညွှန်ချက်ရရှိထားပါသဖြင့် တက်ရောက်နိုင်ခြင်း ရှိ/မရှိ အားပြန်ကြားပေး ပါရန် လေးစားစွာ မေတ္တာရပ်ခံဖိတ်ကြားအပ်ပါသည်။

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm