“KCCI’s 14th MY KARACHI–OASIS OF HARMONY EXHIBITION 2017” အခမ်းအနား သို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း

Written by  //  January 16, 2017  //  Exhibition News, UpComing Events  //  No comments

ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့ရှိ Expo Centreတွင် ၂၀၁၇ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ Karachi Chamber of Commerce & Industry မှ ကြီးမှူးကျင်းပ ပြုလုပ်မည့် “ KCCI’s 14th MY KARACHI – OASIS OF HARMONY EXHIBITION 2017 ” အခမ်းအနားသို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ပါသည်။

အဆိုပါအခမ်းအနားသို့ အခြားသောနိုင်ငံများမှ International Pavilion တွင် ပါဝင်ပြသ ကျမည်ဖြစ်ပြီး၊ ပြပွဲတွင် အကြီးစား ကုန်ထုတ်လုပ်ငန်းများ၊
အသေးစားအလတ်စား လုပ်ငန်းများ၊ စွန့်ဦးတီထွင်သူများ၊ အများပိုင်နှင့်ပုဂ္ဂလိကကဏ္ဍများ၊ မီဒီယာများ၊ ပညာရေးကဏ္ဍ၊
ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ၊ Spot Sales အားခွင့်ပြုသွားမည်ဖြစ်ပြီး၊
Entertainment area များပါဝင်မည်ဖြစ်သည်။ အထည်အလိပ်များအတွက် Designer Lawn Pavilion နှင့် Travel Agencies၊ Tour operators နှင့် Airlines များအတွက် Tourism Pavilion အားပြုလုပ်သွားမည်ဖြစ်သည်။
တက်ရောက်မည့်ကုမ္ပဏီများအတွက် brand image တည်ဆောက်ရန် မီဒီယာ ထိတွေ့မှုနှုန်းမြင့်မားစွာရရှိနိုင်ပါသည်။

ပါဝင်တက်ရောက်လိုသော စိတ်ပါဝင်စားသည့် ကုန်သည်စက်မှုအသင်းချုပ်နှင့်ညီနောင်အသင်းများမှအသင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက Embassy of Pakistan Yangon၊ Tel:+95 1 222881၊ Email: parepyangon@mofa.gov.pk နှင့် အသင်းချုပ်ပြပွဲဌာနစိတ် ဖုန်း-၂၃၁၄၃၄၄~၄၉ Ext:၃၀၁၊ မိုဘိုင်း-၀၉-၄၅၀၂၀၀၃၅၀၊ Email:ma@umfcci.com.mm ၊သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Download (PDF, 3.35MB)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm