MACCS စနစ် နှင့်ပတ်သက်သည့် အကြောင်းအရာများ ပို့ချမှုရှင်းလင်းဆွေးနွေးပွဲသို့ ဖိတ်ခေါ်ခြင်း

Written by  //  July 27, 2016  //  Seminars, Training Programs, UMFCCI News  //  No comments

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ဦးစီး၍ MACCS စနစ်နှင့် ပတ်သက်သည့် အကြောင်း အရာများ ရှင်းလင်းဆွေးနွေးပို့ချမှုဆွေးနွေးပွဲကို အောက်ပါအတိုင်း နှစ်ရက်ခွဲ၍ ကျင်းပမည် ဖြစ်ပါသည်။

ကျင်းပမည့်နေ့ရက် – ၄.၈.၂၀၁၆ ရက် နှင့် ၁၁.၈.၂၀၁၆ ရက်
ကျင်းပမည့်အချိန် – ၉း၀၀ နာရီမှ ၁၇း၀၀ နာရီအထိ
ကျင်းပမည့်နေရာ – ပထမထပ်၊ မင်္ဂလာခန်းမ၊ UMFCCI, လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

အကောက်ခွန် ၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသည့်အဖွဲ့ (Agency) အသီးသီးရှိ Private Users များ၊ ပန်းရောင်ကဒ် ကိုင်ဆောင်သည့် လုပ်သားများ၊ Importer & Exporter များတက်ရောက်သင့်သော ဆွေးနွေးပွဲ တစ်ခုဖြစ်ပါသည်။

သို့ဖြစ်ပါ၍ တက်ရောက်လိုသော Importer & Exporter များအနေဖြင့် မိမိတို့ တက်ရောက်လိုသည့် နေ့ရက်တို့ကိုဖော်ပြ၍ စာရင်းပေးသွင်းကြပါရန်နှင့် နေရာထိုင်ခင်းနှင့် လူဦးရေကန့်သတ်ချက် ရှိပါသဖြင့် အမည်စာရင်းကို ၂.၈.၂၀၁၆ ရက် (အင်္ဂါနေ့) နောက်ဆုံးထား၍ ကုန်သည်စက်မှုအသင်းချုပ် အသင်းသား ရေးရာဌာန Ph: 01-2314344~49 Ext:118,140 Fax; 2314484 (သို့) Email:ma@umfcci.com.mm သို့ အမည်၊ အဖွဲ့အစည်း၊ကုမ္ပဏီအမည်၊ Email ၊ ဖုန်းနံပါတ် တို့အား ပေးပို့ပေးနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm