MACCS/MCIS စနစ်၏ အခြေခံသဘောတရားများအား Private User များသို့ ရှင်းလင်းခြင်း (Briefing Section) အစီအစဉ်များနှင့်ပတ်သက်၍ အစည်းအဝေးပွဲသို့ တက်ရောက်နိုင်ပါရန် ဖိတ်ကြားခြင်း

Written by  //  July 22, 2015  //  Uncategorized  //  No comments

အကောက်ခွန်ဦးစီးဌာနတွင် ဂျပန်နိုင်ငံ၏ Grant Aid အကူအညီဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေ သော MACCS/MCIS စနစ်အား ၃၁.၃.၂၀၁၅ ရက်နေ့တွင် Detail Design (DD) ကို အောင်မြင်စွာရေးဆွဲနိုင်ခဲ့ ပြီးနောက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် Program ရေးဆွဲခြင်း၊ Master Table များရေးဆွဲနိုင် ရေးညှိနှိုင်းခြင်း၊ အကောက်ခွန်ဝန်ထမ်းများ (Customs User) နှင့် ပုဂ္ဂလိကသုံးစွဲသူ (Private User) များအား အခြေခံသဘောတရားနှင့် အဆင့်မြင့်သင်တန်းများပို့ချဆွေးနွေးခြင်း၊ သတ်မှတ်ထားသော စမ်းသပ်မှု (Test) မျိုးစုံ ပြုလုပ်ခြင်း၊ Networking ကိစ္စရပ်များ ဆောင်ရွက်ခြင်းတို့အား သတ်မှတ်လုပ်ငန်းဇယား (Schedule) အတိုင်း အဆင့်ဆင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း သိရှိရပါသည်။
သို့ဖြစ်ပါ၍ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များသည် MACCS/MCIS စနစ်၏ အခြေခံသဘော တရားများအား Private User များသို့ ရှင်းလင်းခြင်း (Briefing Section) အစီအစဉ်များကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း လာရောက်ရှင်းလင်းဆွေးနွေးမည်ဖြစ်ပါသဖြင့် တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်-

ကျင်းပမည့်နေ့ရက် – ၂၅.၈.၂၀၁၅ ရက် မှ ၂၆.၈.၂၀၁၅ ရက် အထိ

ကျင်းပမည့်အချိန် – နေ့လည်(၁း၀၀)နာရီ

ကျင်းပမည့်နေရာ – ပထမထပ်၊ မင်္ဂလာခန်းမ၊ ကုန်သည်စက်မှုအသင်းချုပ်။

အဆိုပါ အစည်းအဝေးပွဲသို့ စိတ်ပါဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ညီနောင်အသင်းများအနေဖြင့် တက်ရောက်နိုင်ပါရန်နှင့် တက်ရောက်မည့်ပုဂ္ဂိုလ်များ အမည်စာရင်းကို ၇.၈.၂၀၁၅ ရက် (သောကြာနေ့) နောက်ဆုံး ထား၍ ဤအသင်းချုပ် အသင်းသားရေးရာဌာန၊ Ph:01-214344 ~49 Ext:140,301,118 Fax: 214484 (သို့) Email: memberaffairs@ umfcci.org.mm,services.umfcci@gmail.com သို့ ပေးပို့ပေးပါရန် အကြောင်းကြားဖိတ်ကြားအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

GDE Error: Error retrieving file - if necessary turn off error checking (404:Not Found)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm