MBA in Hospitality Management ပညာသင်ဆုကို လျှောက်ထားနိုင်ပါပြီ

Written by  //  December 29, 2017  //  Scholarships  //  No comments

MBA in Hospitality Management ပညာသင်ဆုကို လျှောက်ထားနိုင်ပါပြီ
×××××××××××××××

ကုန်သည်စက်မှုအသင်းချုပ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် MBA in Hospitality Management ပညာသင်ဆုကို Full Scholar (၅) ဦးနှင့် Half Scholar (၂၅) ဦး ပေးအပ်မည့် အစီအစဉ် ရှိပါတယ်

Star Hospitality & Business Management Academy မှ Star Academy နှင့် Lincoln University Collage (LUC) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှု အထောက်အကူဖြစ်စေဖို့ရည်ရွယ်ပါတယ်

ပညာသင်ဆုကို ပူးတွဲပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသော ကုန်သည် စက်မှုအသင်းချုပ် အသင်းဝင် ကုမ္ပဏီများ၏ အဖွဲ့ဝင်များ (သို့) ၀န်ထမ်းများ၊ အသင်းချုပ် ညီနောင်အသင်းများ၏ သက်ဆိုင်ရာနယ်ပယ်များမှ အဖွဲ့ဝင်များ (သို့) ၀န်ထမ်းများ လျှောက်ထားနိုင်ပါတယ်

Application Form အားဖြည့်စွက်၍ သတ်မှတ်ထားသည့် အချက်အလက်များအား ပူးတွဲ၍ မိတ္တူ (၂)စုံနှင့်တကွ (၉.၁.၂၀၁၈) နောက်ဆုံးထား၍ ကုန်သည်စက်မှု အသင်းချုပ်၊ HRD ဌာနသို့ လာရောက်လျှောက်ထားနိုင်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက HRD ဌာန၊ ဖုန်းနံပါတ် ၀၁-၂၃၁၄၃၄၄ ~ ၄၉၊ Ext: ၁၃၃၊ ၁၃၄ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm