Mekong Challenge 2017 ပြိုင်ပွဲ မြန်မာပြည်မှ ရွှေတံဆိပ်ဆု ဆွတ်ခူး

Written by  //  March 12, 2017  //  UMFCCI News  //  No comments

McKinsey & Company မှကြီးမှူး၍ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှင့် ရန်ကုန်တက္ကသိုလ် တို့ဖြင့် ပူးပေါင်းကာ မဲခေါင်ဒေသနိုင်ငံများရှိ ကျောင်းသားလူငယ်များနှင့် စီးပွားရေးလုပ်ငန်းများ၌ စတင်ဝင်ရောက် လုပ်ကိုင်နေသော လူငယ်များတီထွင်ကြံဆမှုများ စွမ်းရည်မြင့်မားလာစေရန်နှင့် စီးပွားရေးလုပ်ငန်းများ တည်ထောင် နိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် Mekong Challenge 2017 ကို မတ်လ ၁၁ ရက်(စနေနေ့) နံနက် ၈း၃၀ နာရီမှ စတင်၍ Melia Hotel ၌ ကျင်းပခဲ့ရာ ပြိုင်ပွဲအစီအစဉ်များတွင် Networking reception နှင့် Awards Dinner များလည်းပါဝင်ခဲ့သည်။

18

19

မြန်မာနိုင်ငံသည် Mekong Challenge ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်မှာ (၆) ကြိမ် ရှိပြီဖြစ်ပြီး ယခုနှစ်တွင် အိမ်ရှင်နိုင်ငံအနေဖြင့် ပြိုင်ပွဲကို ဒုတိယအကြိမ်လက်ခံ ကျင်းပခြင်းဖြစ်ကာ ပထမအကြိမ်ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်က ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် မဲခေါင်ဒေသနိုင်ငံများဖြစ်သော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ဘူတန်နိုင်ငံ စသော စုစုပေါင်း(၅) နိုင်ငံမှ အသင်းပေါင်း (၁၁) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ခွင့် ရသူများမှာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ တွင် မြန်မာနိုင်ငံကုန်သည် စက်မှုအသင်းချုပ်နှင့် CIESF, ဂျပန် နိုင်ငံတို့ပူးပေါင်း၍ ကျင်းပခဲ့သော Myanmar Business Model Contest 2016 ပြိုင်ပွဲ၌ ဆုရရှိခဲ့သော ပြိုင်ပွဲဝင် အသင်း (၂) သင်းဖြစ်ပြီး၊ ကျန် (၂) သင်းမှာ စီးပွားရေတက္ကသိုလ်နှင့် စက်မှုတက္ကသိုလ်မှ ကျောင်းသားများ ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းများသည် တစ်သင်းချင်းစီ၏ တီထွင်ကြံဆမှုများ၊ ဖန်တီးမှုများကို အသင်းလိုက် တက်ကြွစွာပူးပေါင်း၍ တင်ဆက်ယှဉ်ပြိုင်ခဲ့ကြသည်။

20

21

ပြိုင်ပွဲကို နံနက် ၈း၃၀ နာရီမှ စတင်ကျင်းပခဲ့ရာ ညနေ ၄း၃၀ နာရီတွင် ခေတ္တရပ်နားခဲ့ပြီး ညစာ စားပွဲနှင့် ဆုချီးမြှင့်ပွဲကို ည ၆း၃၀ နာရီတွင် ဆက်လက် ကျင်းပခဲ့ရာ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

22

23

24

25

26

အခမ်းအနားတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သည့် “Gulpzilla” အဖွဲ့မှ Gold Medal of the Mekong Challenge 2017 ကို ဆွတ်ခူးရရှိခဲ့ပြီး “M-Scienc” အဖွဲ့မှ KBZ Disruptor Award (5K) ကို ရှိခဲ့ကြသည်။ ဘူတန်နိုင်ငံ Royal Thimphu College မှ ဝင်ရောက်ယှဉ်ပြိုင်သည့် “Gladden Gull” အဖွဲ့မှ Silver Medal ရရှိခဲ့ပြီး လာအိုနိုင်ငံ National University of Laos, Lao-American College and University of Heath Sciences, Vientiane မှ ဝင်ရောက်ယှဉ်ပြိုင်သည့် “Herb Powder” အဖွဲ့မှ Bronze Medal ကို ရရှိခဲ့ကြပါသည်။ ပထမဆု ရရှိသောအသင်းအနေဖြင့် အမေရိကန်နိုင်ငံတွင် ကျင်းပမည့် International Business Competition ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm