Myanmar CEO Business Meeting & Seminar” သို့ တက်ရောက်နိုင်

Written by  //  December 6, 2018  //  Seminars, UMFCCI News  //  No comments

ဂျပန်နိုင်ငံ၊ Organization of Small and Medium Enterprises and Regional Innovation, Japan (SMRJ) က ကြီးမှူးပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄)ရက် နေ့မှ (၂၈)ရက်နေ့ အထိ “Myanmar CEO Business Meeting & Seminar” ကို ကျင်းပပြုလုပ်မည် ဖြစ်ပါတယ်။

အဆိုပါ Seminar ရဲ့ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်းများကို ပူးပေါင်းတိုးမြှင့် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပြီး မြန်မာစီးပွားရေး လုပ်ငန်းရှင်များ၊ အမှုဆောင်အရာရှိချုပ်များကို ဂျပန်လုပ်ငန်းရှင်များနှင့် စီးပွားရေး တွေ့ဆုံဆွေးနွေးပွဲများ၊ လုပ်ငန်းချင်း တွေ့ဆုံဆွေးနွေးပွဲများ၊ လုပ်ငန်းရှင်များအချင်းချင်း အပြန်အလှန် ဆက်သွယ် ဆွေးနွေးခြင်းများဖြင့် စီးပွားရေး ပူးပေါင်း လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ပါတယ်။

ဂျပန်နိုင်ငံရှိ လုပ်ငန်းရှင်များနဲ့ ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားတဲ့ Manufacturing နှင့် Trading ကုမ္ပဏီ (၁၀)ခုကို ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ပြီး ဂျပန်နိုင်ငံရှိ လုပ်ငန်းရှင်များနှင့် one-on-one business meetings ပြုလုပ်ခြင်း၊ သင်တန်းပေးခြင်း၊ ဂျပန်နိုင်ငံရှိ လုပ်ငန်းများနှင့် စက်ရုံများသို့ Site Visit များ သွားရောက်လေ့လာခြင်း စသည့် အစီအစဉ်များ ပါဝင်ပြီး တက်ရောက်ခွင့်ရရှိသူများကို Round Trip Transportation Fees, Accommodation Fee, Overseas Travel Insurance, Domestic Transportation Fee, Interpreter Fee များကို ဂျပန်ဘက်မှ ထောက်ပံ့ပေးမည်ဖြစ်ပါတယ်။ အခြား ကုန်ကျစရိတ်များကိုတော့ တက်ရောက်သူများထံမှ ကျခံပေးရမည် ဖြစ်ပါတယ်။

ဖော်ပြပါ အစီအစဉ်သို့ လုပ်ငန်းအမျိုးအစားအလိုက် လျှောက်ထားသူများအား SMRJ မှ (၁၀)ဦး ရွေးချယ်သွားမည်ဖြစ်ပြီး လျှောက်ထားမယ့် ပုဂ္ဂိုလ်များအနေဖြင့် ပူးတွဲပါ လျှောက်လွှာ https://drive.google.com/…/0Bz6YtF4j7SwERldRR2RsbHk3O…/view… အား ပြည့်စုံစွာ ဖြည့်စွက်၍ ၈.၁၂.၂၀၁၈ရက်နေ့ ညနေ ၅း၀၀ နာရီ နောက်ဆုံးထား၍ အသင်းချုပ် HRD ဌာနသို့ လာရောက် လျှောက်ထားနိုင်ပါတယ်။

အသေးစိတ် သိရှိလိုပါက ဖုန်း-၀၁ ၂၃၁၄၃၄၄ ~ ၄၉ (လိုင်းခွဲ၊ ၁၃၃၊ ၁၃၄) (သို့) hrd@umfcci.com.mm သို့ မေးမြန်းနိုင်ပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm