Myanmar- Israel Agriculture Technologies Seminar and B2B Meeting ကျင်းပ

Written by  //  January 16, 2015  //  UMFCCI News  //  No comments

IMG_9088

IMG_9101

၂၀၁၅ ဇန်နဝါရီ ၁၄

Myanmar – Israel Agriculture Technologies Seminar and B2B Meeting ကို ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၈နာရီ တွင် ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပါသည်။အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဉာဏ်ထွန်း၊ စိုက်ပျိုးရေး ဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအေးထွန်း၊ အစ္စရေးနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး H.E.Mr.Yair Shamir, မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး H.E.Mr. Daniel Zonshine, ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဌ များဖြစ်ကြသော ဦးဇော်မင်းဝင်း၊ ဒေါက်တာမောင်မောင်လေး၊ ဒေါက်တာ မျိုးသက်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်၊ ဦးအောင်ဇော်ဦးနှင့် ဗပိာုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အစ္စရေးနိုင်ငံမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း နည်းပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ တက် ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဌ ဦးဇော်မင်းဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုနှင့်လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဦးဉာဏ်ထွန်း၊ အစ္စရေးနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး H.E.Mr.Yair Shamir, မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး H.E.Mr. Daniel Zonshine နှင့် စိုက်ပျိုးရေး ဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအေးထွန်းတို့က အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။ ထို့နောက် Israel Export & International Cooperation Institute ၏ ဒုတိယညွှန်ကြားရေးမှူး Mr. Lior Konitzki က အစ္စရေးနိုင်ငံတွင် လက်တွေ့အသုံးချလျှက်ရှိသော စိုက်ပျိုးရေးစီမံကိန်းနည်းပညာများ၊ ရေအရင်းအမြစ်အသုံးချ နည်းပညာ၊ ရေ သန့်စင်ခြင်းနှင့် ဆည်မြောင်း ရေသွင်းစနစ်လုပ်ငန်းများ၊ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ စသည်တို့ကို Video Presentation ဖြင့်ရှင်းလင်းပြသခဲ့သည်။ ဆက်လက်၍ အစ္စရေးနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များက ၄င်းတို့၏ကုမ္ပဏီ အကြောင်းများကို မိတ်ဆက်ရှင်းလင်းကြပြီး မြန်မာနိုင်ငံ မှစီးပွားရေး လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် စီးပွားရေး တွေ့ဆုံ ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ကြပါသည်။

IMG_9200

Myanmar – Israel Agriculture Technologies Seminar and B2B Meeting ကို အစ္စရေးနိုင်ငံ Ministry of Agriculture and Rural Development, Ministry of Economy, Ministry of Foreign Affairs, The Israel Export & International Cooperation Institute နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့မှ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲတွင် အစ္စရေးနိုင်ငံ မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း နည်းပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်အဖွဲ့ဝင် (၂၀) ဦးခန့် ပါဝင်ခဲ့ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm