Myanmar’s Economic Transition: Issues and Options ဟောပြောပွဲကျင်းပ

Written by  //  November 30, 2014  //  UMFCCI News  //  No comments

Myanmar’s Economic Transition: Issues and Options ဟောပြောပွဲကျင်းပ
နိုဝင်ဘာ ၃၀၊၂၀၁၄
ရန်ကုန်စီးပွားရေးတက္ကသိုလ် နှစ် (၅၀) ပြည့် ရွှေရတုနှင့် ဘောဂဗေဒဌာန နှစ် (၉၀) ပြည့် အထိမ်းအမှတ်အဖြစ် “Myanmar’s Economic Transition: Issues and Options” ခေါင်းစဉ်ဖြင့် ပောာပြောပွဲ တစ်ရပ်ကို ကုန်သည်စက်မှုအသင်းချုပ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ဘွဲ့ရများ အသင်း တို့ပူးပေါင်း၍ ၂၀၁၄ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့ နံနက်၉နာရီက ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာ ခန်းမ၌ ကျင်းပခဲ့ပါသည်။
ပောာပြောပွဲ၌ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဦးထွန်းအောင်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ပောာင်း London School of Economics မှ ပါမောက္ခဒေါက်တာလှမြင့်နှင့် Columbia တက္ကသိုလ်မှ စီးပွားရေးပါမောက္ခ Mr.Ronald Findlay တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပောာပြောပွဲကို အပိုင်း သုံးပိုင်းခွဲကာ ကျင်းပခြင်းဖြစ်ပြီး ပထမပိုင်းတွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာဦးမြင့်က “Improving the Official Statistical System of Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ ပညာရေး အကြံပေး ဒေါက်တာရင်ရင်နွယ်က Health and Education Reforms in Myanmar ခေါင်းစဉ်ဖြင့်လည်းကောင်းရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ပောာပြောပွဲ ဒုတိယပိုင်းတွင် နိုင်ငံတော် စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက “Myanmar’s Economic Transition: Revitalization of Agriculture”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သြစတေးလျနိုင်ငံ Macquarie University ၏ တွဲဖက်ပါမောက္ခ Mr.Jean Turnell က “Financial Mobilization and Inclusion in Myanmar”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Exedra Events မှ Chairman U Than Tun a.k.a Ashok Nathက “Doing Business in Myanmar”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စင်ကာပူနိုင်ငံရှိ Institute of Southeast Asian Studies မှ Senior Research Fellow ဒေါက်တာ တင်မောင်မောင်သန်းမှ “Political Economy of Industrialization: Past Lessons of Future Pathways ”ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးပောာပြော တင်ပြခဲ့ပါသည်။
ပောာပြောပွဲ တတိယပိုင်းတွင် မြန်မာနိုင်ငံတော် ဗပိာုဘဏ်မှ Governor ဦးမောင်မောင်လှ၏ “Building Five Pillars of Financial Foundation for Myanmar” ခေါင်းစဉ်အမည်ဖြင့် ပောာပြောချက်ကို GIZ MM မှ Leading Professional ဦးစံသိန်းက ကိုယ်စားပြုတင်ပြဆွေးနွေးခဲ့ပြီး ကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခ Ronald Findlay ကလည်း “Development and Reform: the Role of the State” ခေါင်းစဉ်ဖြင့် ပောာပြောခဲ့ပါသည်။ ထို့နောက် ပောာပြောပွဲ တက်ရောက်လာသူများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်း ကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပောာပြောဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ပောာပြောပွဲ ကို မွန်းလွဲ ၆နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်
ပောာပြောပွဲတွင် ဒေါက်တာလှမြင့်၏ Video Message ဖြင့် အဖွင့်အမှာစကား ပြောကြားချက် စာသားကို ပူးတွဲ ဖော်ပြထားပါသည်။

1

3

4

IMG_0024

IMG_0034

IMG_0212

22

23

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm