Offshore Technology Conference – OTC 2019 သို့ တက်ရောက်နိုင် 🔹🔹🔹🔹🔹🔹🔹🔹🔹🔹

Written by  //  February 20, 2019  //  Uncategorized  //  No comments

 

 

 

 

 

 

 

အမေရိကန်နိုင်ငံ Texas ပြည်နယ် Houston မြို့ NRG Park မှာ ၂၀၁၉ ခုနှစ် မေလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် “Offshore Technology Conference – OTC 2019 ကို အမေရိကန်သံရုံး (ရန်ကုန်) မှ ဦးဆောင်၍ စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ သွားရောက်ရန်ရှိပြီး အဆိုပါကွန်ဖရင့်သို့ စိတ်ပါဝင်စားသူများလည်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ကွန်ဖရင့်မှာ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းလုပ်ကိုင်သော ရေနံတူးဖော်ရှာဖွေထုတ်လုပ်ခြင်း လုပ်ကိုင်သည့် ကုမ္ပဏီကြီးများ/ဆက်စပ်လုပ်ငန်းကုမ္ပဏီများ/ နောက်ဆုံးပေါ် စက်ပစ္စည်းကိရိယာများ ထုတ်လုပ်သူများ/ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများမှ Indoor/Outdoor Display ခင်းကျင်းပြသမှာဖြစ်ပြီး တက်ရောက်သူများအနေနဲ့ ပြပွဲအတွင်းရှိ ကုမ္ပဏီကြီးများမှ လုပ်ငန်းရှင်များနဲ့ ချိတ်ဆက်ဆွေးနွေးလုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းများ ရရှိမှာ ဖြစ်ပါတယ်။

တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့ဝင် (၂၅) ဦးထက်ကျော်ပါက Free Registration ရရှိမှာဖြစ်ပြီး သံရုံးအနေဖြင့် လိုက်ပါတက်ရောက်မယ့် ကိုယ်စားလှယ်များအတွက် Trade Show/ Technical Conferences / 1-1 Meetings with U.S. Exhibitors တို့ကို ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

အဆိုပါ ကွန်ဖရင့်သို့ မိမိစရိတ်ဖြင့် လိုက်ပါတက်ရောက်ရမှာဖြစ်ပြီး တက်ရောက်ရန် စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်များက ပူးတွဲပါ Excel File တွင် ပြည့်စုံစွာဖြည့်စွက်၍ Email – KhineWah.Lwin@trade.gov သို့တိုက်ရိုက်အမည်စာရင်းပေးပို့ကာ မိတ္တူကို နိုင်ငံတကာဆက်ဆံရေးဌာန အီးမေးလ် – ird@umfcci.com.mm သို့
၂၂.၂.၂၀၁၉ ရက် (သောကြာနေ့) ၁၆း၀၀ နာရီနောက်ဆုံးထား၍ ပေးပို့ပေးရမှာ ဖြစ်ပါတယ်။

(မှတ်ချက် – ကွန်ဖရင့်နှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက ဝက်ဘ်ဆိုဒ် – http://2019.otcnet.org/register သို့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။)

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm