Philosophy, Policy and Practice: Myanmar Economic Experience မြန်မာ့စီးပွားရေးဖြတ်သန်းမှု-ဒဿနအမြင်၊ မူဝါဒနှင့် လက်တွေ့ကျင့်သုံးခြင်း ဆွေးနွေးပွဲကျင်းပ

Written by  //  January 15, 2018  //  Seminars  //  No comments

Philosophy, Policy and Practice: Myanmar Economic Experience မြန်မာ့စီးပွားရေးဖြတ်သန်းမှု-ဒဿနအမြင်၊ မူဝါဒနှင့် လက်တွေ့ကျင့်သုံးခြင်း ဆွေးနွေးပွဲကို ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ဇန်န၀ါရီလ ၁၃ ရက်နေ့ ညနေပိုင်းတွင် ကျင်းပခဲ့ပါသည်။

ဒဿနအမြင်(Philosophy)ပိုင်းကို ဒေါက်တာထွန်းအောင်မှစတင်ဆွေးနွေးခဲ့ပြီး၊ မူဝါဒကို DICA ညွှန်ချုပ် ဦးအောင်နိုင်ဦးနှင့် အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်တို့မှ ဆွေးနွေးကာ လက်တွေ့ကျင့်သုံးမှု (Practice) ကို တွဲဖက်စာရင်းစစ် ဦးအောင်စိုးသာမှ ဆွေးနွေးခဲ့ကြရာ Moderator အဖြစ် ဒေါ်ခိုင်ခိုင်နွယ်မှ ဆောင်ရွက်ခဲ့ကြသည်။

စီးပွားရေးမူဝါဒတိုင်းသည် တိုင်းပြည်၏စီးပွားရေး တိုးတက်မှုကို ဖြစ်ပေါ်စေသည်မဟုတ်သကဲ့သို့ ၊ မအောင်မြင်သော စီးပွားရေးတိုင်းသည်လည်း မူဝါဒကြောင့်မဟုတ်ပါ၊ တိုးတက်သော စီးပွားရေး မူဝါဒတစ်ခုဖြစ်လာဖို့ နောက်ကွယ်က အကြောင်းရင်းတွေမှာ ဒဿနအမြင်အတွေးအခေါ်များ၊ ယူဆချက်အမြင်များဖြင့် ဖွဲ့စည်းခဲ့ပြီး မူဝါဒချမှတ်ပြီးပါက လိုက်နာကျင့်သုံး၊ အကောင်အထည်ဖော်ဖို့လိုအပ်ပါတယ်ဟု ဒေါက်တာထွန်းအောင်မှ ပြောကြားခဲ့သည်။

DICA ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးမှလည်း “မူဝါဒတစ်ခုကိုမချခင် Diagnosis က အဓိကကျပါတယ်၊ ရှင်းလင်းနားလည်လွယ်မှု၊ တိကျမှုများနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးပါတယ်၊ ချမှတ်ထားတဲ့ မူဝါဒကို ပြန်လည်စောင့်ကြည့်သုံးသပ်ဖို့ လိုအပ်ပါတယ်”ဟု ပြောကြားခဲ့ပြီး Investment Law ဆောင်ရွက်စဉ်က ၄င်း၏ အတွေ့အကြုံများ၊ အမြင်များကို မျှဝေခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးနှင့်ပတ်သက်၍ Telecom Reform Policy အား ပြုပြင်ပြောင်းလဲခဲ့ရာတွင် ပါဝင်ခဲ့သည့် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဌ ဦးသောင်းတင်မှ ဆက်သွယ်ရေးလုပ်ငန်းတစ်ခုလုံးအား ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်ပေးခဲ့စဉ်က ၄င်း၏အတွေ့အကြုံများနှင့် အခက်အခဲများကို ပြောကြားခဲ့ပြီး ခေါင်းဆောင်များအနေဖြင့် ဆုံးဖြတ်ချက် (Decision) များ ချမှတ်တဲ့အခါ လူမှန်ဖို့လိုအပ်ကြောင်းနှင့် အဆိုပါဆုံးဖြတ်ချက်များကို ထောက်ခံအားပေးမည့် ယုံကြည်သူများရှိရန်လည်း အလွန်အရေးကြီးကြောင်းဖြင့် ၄င်း၏အတွေ့အကြုံများကို ဝေမျှပေးခဲ့သည်။

“Policy Reform တစ်ခုပြုလုပ်ရန်အတွက် အစိုးရနှင့် ပြည်သူအားလုံးတို့သည် တူညီသော ရည်ရွယ်ချက် Common Goal ရှိဖို့ လိုအပ်ပါတယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။

အသင်းချုပ် တွဲဖက်စာရင်းစစ် ဦးအောင်စိုးသာမှ လုပ်ငန်းရှင်များဖက်မှ လက်တွေ့လိုက်နာရန် လိုအပ်သော (Practice) အပိုင်းအား “မူဝါဒချမှတ်သူများက မူဝါဒများကို မည်သို့ပင်ချမှတ်စေကာမူ လုပ်ငန်းရှင်တွေဖက်ကလည်း ချမှတ်ထားသော ဘောင်ထဲမှ မိမိတို့ရဲ့ စီးပွားရေးကို လဲပြိုမသွားပဲ အောင်မြင်အောင် လုပ်ကိုင်တတ်ဖို့လိုပါတယ်။ ချမှတ်လိုက်သော မူဝါဒကို လက်တွေ့လုပ်ကိုင်မည့် Practitioner များက လိုက်နာနိုင်ကြမှသာ အောင်မြင်မှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

တက်ရောက်လာကြသူများမှ မေးမြန်းသည့် မေးခွန်းများကို Panelist များက အလှည့်ကျဖြေကြား၍ ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm