Responsible Businesses နိုင်ငံတော်အတိုင်ပင်ခံနှင့်တွေ့ဆုံပွဲ

Written by  //  October 22, 2016  //  UMFCCI News  //  No comments

“ စီးပွားရေးပိတ်ဆို့မှုဖယ်ရှားလိုက်လို့ ရလာမယ့်အခွင့်အရေးကို နိုင်ငံအတွက် သုံးမှာလား၊ ကိုယ်ကျိုးအတွက် သုံးမှာလားဆိုတာ အားလုံးကစောင့်ကြည့်နေပါတယ် လို့ပြောချင်ပါတယ် ” ဒေါ်အောင်ဆန်းစုကြည်

စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲ အပိတ်မိန့်ခွန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များအား လူမှုဝန်းကျင်နှင့် နိုင်ငံတော်အတွက် ပိုမိုတာဝန်ကျေပွန်သော စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ သတိပေး ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ရန် အခွင့်အရေးများ ပေးမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပြောပါသည်။ “ကိုယ့်အစုအဖွဲ့၊ ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့မိသားစု အတွက်ပဲ စဉ်းစားခဲ့တဲ့ ပုဂ္ဂိုလ်များဟာ အမြင်ကျယ်လာပြီးတော့ တစ်တိုင်းပြည်လုံး အတွက် စဉ်းစားနိုင်တဲ့ အရည်အချင်းတွေ မမွေးမြူနိုင်ဘူးလားဆိုတာကို ကျွန်မစဉ်းစား ခဲ့ပါတယ်။ ကျွန်မ ကတော့ ဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်၊ ဖြစ်နိုင်ဖို့အတွက်ကိုလည်း အခွင့်အရေးတွေပေးပါ့မယ်။
” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပြောခဲ့သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအနေဖြင့် တာဝန်ယူမှုရှိပြီး အပြန်အလှန်အကျိုးရှိစေမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေး ကြိုဆိုဖိတ်ခေါ်ထားကြောင်း ပြောခဲ့သည်။

နေပြည်တော် MICC 2 တွင် အောက်တိုဘာ ၂၂ ၌ ကျင်းပခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံပွဲသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌ ဦးဝင်းအောင်၊ ရွေးချယ်ခံ ဥက္ကဌသစ် ဦးဇော်မင်းဝင်းတို့နှင့်အတူ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့်လည်း မြန်မာ့စီးပွားရေးလုပ်ငန်းများအကြား လူမှုတာဝန်ယူမှု (CSR) အသိပညာနှင့် လိုက်နာကျင့်သုံးမှုများ တိုးပွားကျယ်ပြန့်စေရန်နှင့် ကောင်းမွန်သော လုပ်ငန်းစီမံအုပ်ချုပ်မှု (Corporate Governance) ကျင့်ထုံးများ ဖွံ့ဖြိုးတိုးတက်လာစေရန် အစဉ်တစိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာစီးပွားရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ရပါသည်။

2

3

4

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm