“Road Show to promote Source India 2018 ” သို့ Buyers များ တက်ရောက်နိုင်ရန် ဖိတ်ကြားအပ်ပါတယ်။

Written by  //  July 4, 2018  //  Notifications  //  No comments

အိန္ဒိယနိုင်ငံ၊ Surat တွင် ပြုလုပ်မည့် “Source India 2018” ပြပွဲကို Buyers များ တက်ရောက်ရန် Promotion Road Show တစ်ခုအား The Synthetic Rayon Textiles Export Promotion Council မှ ကြီးမှူး၍ ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိပါတယ်။

Road Show တွင် မြန်မာနိုင်ငံမှ စိတ်ဝင်စားသည့် Buyers များ ပြပွဲသို့ တက်ရောက်ခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။ Source India ပြပွဲသို့ တက်ရောက်ရန် ရွေးချယ်ခံရသော Buyers များကို လေယာဉ်လက်မှတ်နှင့်(၃)ညတာ ဟိုတယ်တည်းခိုခွင့်များ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

အဆိုပါ Road Show ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကျင်းပမည့်နေ့ရက် – ၁၈.၇.၂၀၁၈ ( ဗုဒ္ဓဟူးနေ့ )

ကျင်းပမည့်အချိန် – နေ့လည် ၁း၀၀မှ ၃း၀၀ နာရီထိ

ကျင်းပမည့်နေရာ – အခန်း(၄၀၆)၊ စတုတ္ထထပ်၊
ကုန်သည်/စက်မှုအသင်းချုပ်။

Road Show သို့ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်အသင်းသားများနှင့် ညီနောင်အသင်းများမှအသင်းသားများ၊ အထည်အလိပ်လုပ်ငန်းဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တက်ရောက်မည်ဆိုပါက အမည် စာရင်းအား ကုန်သည်စက်မှုအသင်းချုပ် ပြပွဲဌာနစိတ်/အသင်းသားရေးရာဌာန Ph:01-2314344 ~49, Ext:301 , E-mail:itpc@umfcci.com.mm သို့ ၁၇.၇.၂၀၁၈ ရက်နေ့ (အင်္ဂါနေ့) ညနေ ၃း၀၀ နောက်ဆုံးထားပေးပို့ပေးပါရန် အကြောင်းကြား ဖိတ်ကြားအပ်ပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm