SME ကဏ္ဍများ၏ အဓိက လိုအပ်ချက်များ၊ အခက်အခဲများ ၊ စိန်ခေါ်မှုများအား ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးခဲ့ကြသည့် Round Table Discussion

Written by  //  July 27, 2017  //  UMFCCI News  //  No comments

စီးပွားရေးတိုးတက်ဖွံဖြိုးရန် အရေးပါသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ မဏ္ဍိုင်ကြီး (၃)ခုဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများကို သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များနှင့် Round Table Discussion ကို ကုန်သည်စက်မှုအသင်းချုပ်၌ ဇူလိုင်(၂၇)ရက်နေ့ နံနက်ပိုင်းတွင် ဆွေးနွေးခဲ့ကြသည်။


ဝန်ဆောင်မှုကဏ္ဍ ဆွေးနွေးစဉ်


ကုန်သွယ်မှုကဏ္ဍ ဆွေးနွေးစဉ်


ကုန်ထုတ်လုပ်မှုကဏ္ဍ ဆွေးနွေးစဉ်

မွန်းလွဲပိုင်းတွင် SME လုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးရရှိရေး၊ စွန့်ဦးတီထွင် SME လုပ်ငန်းကဏ္ဍများ လွယ်ကူလျှင်မြန်စွာ ဖြစ်ထွန်းလာရေးတို့ကို သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များနှင့် လည်းကောင်း၊ ကျေးလက်ဒေသဖွံဖြိုးရေး အထောက် အကူပြု SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကို တိုင်းနှင့်ပြည်နယ်မှ စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်းကောင်း ဆက်လက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါကဏ္ဍများတွင် လက်ရှိအခက်အခဲများ၊ အခြေအနေများ၊ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် လိုအပ်ချက်များကို အဓိကဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲရရှိလာသော ဆွေးနွေးချက်ရလာဒ်များ ၊ အကြံပြုချက်နှင့် ထောက်ခံတင်ပြချက်များကို ၂၈.၇.၂၀၁၇ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည့် SME ပညာရှင်များနှင့် Strategy Formulation Wrap Up Section တွင် တင်ပြဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကာ ၂၉.၇.၂၀၁၇ ရက်နေ့တွင် ကျင်းပမည့် SMEs Development Strategy “Issues and Solutions” Forum တွင် နိုင်ငံတော်အစိုးရနှင့်ပြည်သူများအား အသိပေးတင်ပြမည်ဖြစ်သည်။


စွန့်ဦးတီထွင် SME လုပ်ငန်းများ လွယ်ကူလျှင်မြန်စွာ ဖြစ်ထွန်းလာစေရေးကဏ္ဍ ဆွေးနွေးစဉ်


SME လုပ်ငန်းများ ငွေကြေးအရင်းအနှီးရရှိရေးကဏ္ဍ ဆွေးနွေးစဉ်


ကျေးလတ်ဒေသဖွံ့ဖြိုးရေးအထောက်အကူပြု SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးရေးကဏ္ဍ ဆွေးနွေးစဉ်

ကုန်သည်စက်မှုအသင်းချုပ်

About the Author

View all posts by

Leave a Comment

comm comm comm