“Scholarship on Enhancing Professional Communication Skills for ASEAN 2019” Programme

Written by  //  December 24, 2018  //  Advertisement, Publications, Scholarships, Training Programs

ဘရူနိုင်းဒါရူဆလမ်နိုင်ငံရှိ University Brunei Darussalam (UBD) နှင့် FPT University တို့ ပူးပေါင်း၍ ဗီယက်နမ်နိုင်ငံ၊ Da Nang မြို့ရှိ UBD-FPT Global Centre တွင် ဖွင့်လှစ်သင်ကြားမယ့် “Scholarship on Enhancing Professional Communication Skills for ASEAN 2019” Prgramme 1: Professional Communications in English နှင့် Programme 2:Intensive English Profeciency သင်တန်းများသို့ သက်ဆိုင်ရာ Website မှ တဆင့် လျှောက်ထားနိုင်ပါတယ်။

ပညာသင်ဆုများကို အသက် (၂၀)နှစ်မှ (၃၅)နှစ်အတွင်းရှိ သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီသော –

🔹 ကုန်သည်စက်မှု အသင်းချုပ် အမှုဆောင်များ/၀န်ထမ်းများ၊

🔸 ညီနောင်အသင်းများမှ အမှုဆောင်များ/ ၀န်ထမ်း များ၊

🔹 အသင်းချုပ် အသင်းဝင်ကုမ္ပဏီများ၏ အဖွဲ့ဝင်များ (သို့) ၀န်ထမ်းများမှ လျှောက်ထားနိုင်ပါတယ်။။

ရွေးချယ်ခံရသူများအတွက် သင်တန်းကြေး၊ အသွား/အပြန်လေယာဉ်စရိတ်၊ နေ့တွက်စရိတ်၊ နေထိုင်စရိတ်၊ ပညာသင်ကာလအတွက် ကျန်းမာရေးအာမခံတို့ကို ပညာသင်ဆုအစီအစဉ်မှ ကျခံပေးမည်ဖြစ်ပြီး ပညာသင် သွားရောက်ရန် သင့်လျော်ကြောင်း သက်ဆိုင်ရာဆရာဝန် ထောက်ခံချက်တို့ကို မိမိကုန်ကျစရိတ်ဖြင့် ကျခံရမှာ ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ ပညာသင်ဆုများသို့ လျှောက်ထားရန် စိတ်ပါဝင်စားပါက Website:https://apply.ubd.edu.bn/orbeon/uis-welcome/ မှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။

အသင်းချုပ် ထောက်ခံ စာရယူလိုပါက အသင်းချုပ်၊ စီမံအုပ်ချုပ်ရေး အရာရှိချုပ်ထံ လိပ်မူ၍ ကိုယ်တိုင်ရေးလျှောက်လွှာ (၁)စောင်၊ ဓါတ်ပုံ အသင်းဝင်ကဒ် မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲ၍ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်/၀န်ထမ်း၊ အသင်းချုပ်၊ အသင်းဝင် ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ၀န်ထမ်း ဖြစ်ကြောင်းထောက်ခံစာတို့နှင့်အတူ ၁၄.၁.၂၀၁၉ ရက်ထက် နောက်မကျပဲ လျှောက်ထားရမှာ ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက HRD ဌာန၊ ဖုန်းနံပါတ် ၀၁-၂၃၁၄၃၄၄ ~ ၄၉၊ Ext: ၁၃၃၊ ၁၃၄ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by