” Sector Skill Councils : India ” ကိစ္စ။
Written by UMFCCI Administrator // October 24, 2015 // Exhibition News, Trade Fairs and Exhibitions, UMFCCI News // No comments
အိန္ဒိယနိုင်ငံ၊ Confederation of Indian Industry(CII) သည် Ministry of Skill Development and Entrepreneurship (MSDE) နှင့် ပူးပေါင်း၍ Skill Development နှင့် သက်ဆိုင်သော Vocational Traning Program များ ဆောင်ရွက်ရန်အတွက် Skill Councils ၁၂ ခုကို ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း အသင်းချုပ်သို့ ရည်ညွန်းချက်ပါစာဖြင့် ပေးပို့ အကြောင်းကြားလာပါသည်။
အဆိုပါ Program များတွင် Training/Skilling လုပ်ငန်းများ ဆောင်ရွက်နေသော အသင်းဝင် မြန်မာ ကုမ္ပဏီများအနေဖြင့် ပူးပေါင်းဆောင်ရွက်လိုပါက Confederation of Indian Industry(CII)သို့ ဆက်သွယ်နိုင်ပါ ကြောင်း ဖော်ပြပါရှိပါသည်။
သို့ဖြစ်ပါ၍ အဆိုပါ Program များသို့ ကုန်သည်စက်မှုအသင်းချုပ်၊ ညီနောင်အသင်းများမှ အသင်းသားများ၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်လိုပါက Mr. Rajesh Menon , Deputy Director General, Confederation of Indian Industry(CII), The Mantosh Sondhi Centre, 23,Institutioanl Area, Lodi Road, New Delhi – 110 003, Tel: 011-2462 9994-97, Fax: 011-2460 1298, Website: www.cii.in သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အကြောင်းကြား ပေးပို့ အပ်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်