“SEOUL FOOD 2016” ပြပွဲသို့ ဖိတ်ကြားလာခြင်းကိစ္စ။

Written by  //  December 16, 2015  //  Exhibition News  //  No comments

၁။ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၊ COEX ခန်းမဆောင်တွင် ၂၀၁၆ခုနှစ်၊ မေလ (၁၀) ရက်နေ့မှ (၂၃) ရက် နေ့အထိ Korea Trade Investment Promotion Agency မှကြီးမှူးကျင်းပပြုလုပ်မည့် “SEOUL FOOD 2016” ပြပွဲအခမ်းအနားသို့ သက်ဆိုင်ရာမြန်မာနိုင်ငံမှကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကုန်သည်အသင်း အဖွဲ့များပါဝင်တက်ရောက်နိုင်ပါရန် အသင်းချုပ်သို့ရည်ညွန်းချက်ပါစာဖြင့် ဖိတ်ကြားလာပါသည်။

၂။ အဆိုပါစာတွင် 9m2 ပြခန်းတစ်ခန်းလျှင် အမေရိကန်ဒေါ်လာ(၄၁၀)နှုန်းပေးချေရမည်ဖြစ်ပြီး ပြသမည်ဆိုပါက Registration ပြုလုပ်ခြင်းကို (၂၉.၂. ၂၀၁၆) နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

၃။ သို့ဖြစ်ပါ၍ တက်ရောက်လိုသော စိတ်ပါဝင်စားသည့် ကုန်သည်စက်မှုအသင်းချုပ်၊ ညီနောင်အသင်းများမှ အသင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက Korea Trade-Investment Promotion Agency (KOTRA) E-mail:info@seoulfood.or.kr၊ Website:www.seoulfood.or.kr နှင့် အသင်းချုပ်ပြပွဲဌာနစိတ် Phone:၂၃၁၄၃၄၀~၄၉ Ext:၃၀၁၊ Mobile:၀၉-၄၅၀၂၀၀၃၅၀၊ E-mail:ma@umfcci. com.mm သို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အကြောင်းကြားဖိတ်ကြားအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

GDE Error: Error retrieving file - if necessary turn off error checking (404:Not Found)
GDE Error: Error retrieving file - if necessary turn off error checking (404:Not Found)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm