Singapore International Jewelry Expo 2016” ပြပွဲသို့ ဖိတ်ကြားလာခြင်းကိစ္စ

Written by  //  February 26, 2016  //  Exhibition News, Trade Fairs and Exhibitions  //  No comments

“Singapore International Jewelry Expo 2016” ပြပွဲသို့ ဖိတ်ကြားလာခြင်းကိစ္စ

၁။ စင်္ကာပူနိုင်ငံရှိ Marina Bay Sands Expo and Convention Centre တွင် ၂၀၁၆ခုနှစ်၊ဇူလိုင်လ(၂၁) ရက် နေ့မှ (၂၄)ရက်နေ့အထိ Conference & Exhibition Management Services Pte Ltd (CEMS) မှ ကြီးမှူးကျင်းပ ပြုလုပ်မည့် “Singapore International Jewelry Expo 2016” ပြပွဲအခမ်းအနားသို့ သက်ဆိုင်ရာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်အသင်းအဖွဲ့များအားပါဝင်တက်ရောက်နိုင်ပါရန် အသင်းချုပ် သို့ ပေးပို့ဖိတ်ကြားလာပါသည်။

၂။ အဆိုပါစာတွင် ပြပွဲအား (၈,၀၀၀) စတုရန်းမီတာအကျယ်ရှိသောခန်းမတွင် စင်္ကာပူ၊အာဆီယံနှင့် အခြားသော နိုင်ငံများမှ high net worth buyerများအား United States, South Africa, Europe, Hong Kong, India, Australia, Sri Lanka, Italy အစရှိသည့်နိုင်ငံများအပါအ၀င် နိုင်ငံပေါင်း(၂၀)ကျော်မှနာမည်ကျော်jewelers(၂၀၀)ခန့် လာရောက်ပြသ ကြမည်ဖြစ်ကြောင်း၊ ပြပွဲသို့ပါဝင်ပြသလိုပါက ၎င်းတို့သတ်မှတ်ထားသော ပြခန်းခနှုန်းထားများမှာ-

က – Space Only – S$500 per sqm
18 quare metre – S$9,000, 36 square metre – S$9,000

ခ – Space – S$550 per sqm (With Advertisement Panel)
18 quare metre – S$9,900, (One advertisement panel in the Straits Times)

ဂ – Space – S$550 per sqm (With Advertisement Panels)
36 square metre – S$19,800, (One advertisement panel each in both the Straits
Times and Lianhe Zaobao) ကျသင့်မည်ဖြစ်ကြောင်းဖော်ပြပါရှိပါသည်။

၃။ သို့ဖြစ်ပါ၍ ပြပွဲသို့စိတ်ပါဝင်စားသည့်တက်ရောက်လိုသော ကုန်သည်စက်မှုအသင်းချုပ်မှညီနောင်အသင်းများ၊ အသင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက CEMS-Tel: (65) 6278 8666,Email: MS GINA LIM – GINA@CEMS.COM.SG/ MS JUDY LEE –JUDY@CEMS.COM.SG, Website–www.sije.com.sg သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် ပါဝင်ပြသတက်ရောက်မည်ဆိုပါက အသင်းချုပ်ပြပွဲဌာနစိတ် Phone: ၂၃၁၄၃၄၄~၄၉ Ext:၃၀၁၊ Mobile: ၀၉-၄၅၀၂၀၀၃၅၀၊ E-mail: ma@umfcci. com.mmနှင့်အသင်းချုပ်သို့ ကုမ္ပဏီအမည်/ပုဂ္ဂိုလ်အမည်စာရင်းများကို (၃၀.၄.၂၀၁၆)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ပေးပါရန် အကြောင်းကြားဖိတ်ကြားအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm