Skills Are Great Conference 2018 နှင့် One to One Business Matching သို့ တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်

Written by  //  February 21, 2018  //  UpComing Events  //  No comments

ကုန်သည်စက်မှုအသင်းချုပ်နှင့် ဗြိတိသျှသံရုံး (ရန်ကုန်) တို့ ပူးပေါင်း၍

နှစ်နိုင်ငံအကြား ကျွမ်းကျင်ကောင်းမွန်သည့် ပညာရေး Institutions တည်ထောင်နိုင်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊

ဗြိတိသျှနိုင်ငံ၏ အသက်မွေးဝမ်းကျောင်းကဏ္ဍ၊ ပညာရေးကဏ္ဍများနှင့် သက်ဆိုင်သည့် ဗဟုသုတများ မျှဝေသွားရေး၊

ဈေးကွက်လိုအပ်ချက်နှင့် ဘွဲ့ရပညာတက်များ၏ ကျွမ်းကျင်တက်မြောက်မှု အရည်အသွေးများအကြား ကွာခြားမှု ကြီးထွားလာခြင်းကို မျှဝေနိုင်ရေး၊

လက်တွေ့အသုံးချနိုင်သည့် အသက်မွေးဝမ်းကြောင်းပညာရပ်များကို တိုးတက်အောင် ဆောင်ရွက်စေရေး တို့ရည်ရွယ်၍

Skills Are Great Conference 2018 နှင့် One to One Business Matching ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမှာဖြစ်ပါတယ်

ကျင်းပမည့်နေ့ရက် – ၂၈.၂.၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)
ကျင်းပမည့်အချိန် – ၉း၀၀ နာရီ မှ ၁၇း၀၀ နာရီထိ
ကျင်းပမည့်နေရာ – Ball Room (2), Sule Shangri-La Hotel ၊ ရန်ကုန်မြို့

ကျွမ်းကျင်ပညာရှင်များမှ စာတမ်းများ၊ အမေးအဖြေကဏ္ဍများဖြင့် ဆွေးနွေးကြမှာဖြစ်ပြီး ဆွေးနွေးပွဲအပြီးတွင် One to One Business Matching ကို ပြုလုပ်သွားမှာဖြစ်ပါတယ်

ပူးတွဲပါ Registration form ကို ဖြည့်စွက်၍ အသင်းချုပ် နိုင်ငံတကာဆက်ဆံရေးဌာန အီးမေးလ် ird@umfcci.com.mm (သို့) Kyawkyawmyat.monn@fco.gov.uk သို့ ၂၀၁၈ခုနစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ (အင်္ဂါနေ့) နောက်ဆုံးထား၍ ပေးပို့နိုင်ပါတယ်

Download (PDF, 91KB)

၀၁-၂၃၁၄၃၄၄-၄၉ လိုင်းခွဲ ၃၁၁၊ ၁၂၃ သို့ လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်

မည်သူမဆို တက်ရောက်နိုင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm