Symposium for Development of the Logistics Hub Facilities for Myanmar Offshore Oil and Gas Development ဆွေးနွေးပွဲကျင်းပမည်။

Written by  //  April 30, 2015  //  Seminars, UpComing Events  //  No comments

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်- UMFCCI နှင့် JDeEP Technology & Engineering Research Association တို့ ပူးပေါင်း၍ Symposium for Development of the Logistics Hub Facilities for Myanmar Offshore Oil and Gas Development ဆွေးနွေးပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ကျင်းပမည့်ရက် – ၂၂.၅.၂၀၁၅ရက်နေ့(သောကြာနေ့)၊
ကျင်းပမည့်အချိန် – ၁၂း၃၀နာရီမှ ၁၇း၀၀နာရီ အထိ၊
ကျင်းပမည့်နေရာ – ကုန်သည်/စက်မှုအသင်းချုပ်

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ကမ်းလွန် ရေနံနှင့်သဘာဝဓါတ်ငွေ့စက်ရုံများ အတွက်လိုအပ်သော ထောက်ပံ့ပို့ဆောင်ရေး စီမံကိန်းဆိုင်ရာကိစ္စရပ်များကို စာတမ်းများ အမေးအဖြေကဏ္ဍများဖြင့် ဆွေးနွေး ရှင်းလင်းတင်ပြမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အထက်ပါ ဆွေးနွေးပွဲသို့ မပျက်မကွက်တက်ရောက်ပေးပါရန်နှင့် စနစ်တကျ ဆောင်ရွက်ရန် လမ်းညွန်ချက်ချမှတ် ထားပါသဖြင့် တက်ရောက် နိုင်ခြင်း ရှိ/မရှိအား ဆောလျင်စွာ ပြန်ကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ တက်ရောက်ရန် စိတ်ပါဝင်စားမှု ရှိပါက တက်ရောက် မည့် အမည်စာရင်းကို ပူးတွဲပါပုံစံတွင် ဖြည့်စွက်၍ ၁၉.၅.၂၀၁၅ ရက်နေ့အရောက် ဤအသင်းချုပ်သို့ပြန်လည်ပေးပို့ပါရန် မေတ္တာရပ်ခံ ဖိတ်ကြား အပ်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်
Offshore Invitation

THE UNION OF MYANMAR

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm