The 11th Cambodia Import-Export & One Province One Products ပြပွဲ တက်ရောက်ရန်ကိစ္စ

Written by  //  November 15, 2016  //  Trade Fairs and Exhibitions, UpComing Events  //  No comments

ကမ္ဘောဒီးယားနိုင်ငံ တွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် နေ့မှ ၁၈ ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် The 11th Cambodia Import-Export & One Province One Products ကို မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပါဝင်ပြသနိုင်ရန်အတွက်အထက်ရည်ညွန်းချက်ပါစာဖြင့် အသင်းချုပ်သို့ ဖိတ်ကြားလာပါသည်။

အဆိုပါ ကမ္ဘေဒီးယားနိုင်ငံသွင်းကုန်-ထုတ်ကုန်ဒေသတစ်ခု ပြုလုပ်ခဲ့သည့် (၁၀)စုနှစ်တွင် တစ်ခုကျော်ခဲ့ပြီး၊ယခုပြုလုပ်မည့်ကုန်စည်ပြပွဲသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်ကမ္ဘေဒီးယားနိုင်ငံ တို့အကြား ကုန်သွယ်မှုလှယ်ရေး၊ပူးပေါင်းဆောင်ရွက်ရေးနှင့်ဒေသအတွင်း ပုဂ္ဂိုလ်ကကဏ္ဍများတိုးတက်နိုင်ရန်ရည်ရွယ်ပါ ကြောင်း ယမန်နှစ်များတွင်ကုန်စည်ပြပွဲကို နိုင်ငံပေါင်း (၁၃)နိုင်ငံ တို့မှ (၃၂၈)ဖွဲ့ပါဝင်ပြသခဲ့ပါကြောင်း အကြောင်းကြားပေးပို့လာပါသည်။

သို့ဖြစ်ပါ၍ အဆိုပါ ပြပွဲသိုစိတ်ပါဝင်စား၍ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များပါဝင်တက်ရောက် ပြသရန် အတွက် ပြခန်းအရေအတွက် ကုမ္ပဏီအမည် ၊ပစ္စည်းအမျိုးအစား ၊ဆက်သွယ်ရန်လိပ်စာများ ကို UMFCCI အသင်းချုပ်ပြပွဲဌာနစိတ် ဖုန်းအမှတ် ၀၁-၂၃၁၄၃၄၄ – ၄၉ Ex (၃၀၁ ) နှင့် Email ma@umfcci.com.mm သို့ ပေးပို့ပေးပါရန်နှင့် ပေးပို့ထားသော စာရင်းများကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဌာနသို့ မြန်မာနိုင်ငံမှပါဝင်ပြသမှုအခြေအနေအား အချိန်မှီ အကြောင်းပြန်ကြား ရမည်ဖြစ် ပါသောကြောင့် ပြန်လည် အကြောင်းကြားပေးပို့ပေးပါရန်မေတ္တာရပ်ခံ ဖိတ်ကြား အပ်ပါသည်။

ပူးတွဲ-(၇)ရွက်

Download (PDF, 1.02MB)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm