The International Food Exhibitions – IFEX Philippines၊ 2nd International Expo of Ethnic Commodities ၊3rd Edition of INDIA STEEL EXPO 2017

The International Food Exhibition – IFEX Philippines ပြပွဲ
*****************************************

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ ရှိ World Trade Center တွင် ၂၀၁၇ ခုနှစ် မေလ ၁၉ ရက်မှ ၂၁ ရက်နေ့ ထိတွင် The International Food Exhibition – IFEX Philippines ကျင်းပပြုလုပ်မည်ဖြစ်သည်။

ပြပွဲတွင် ကမ္ဘာတစ်ဝန်းမှ ကုန်သည် ၁၃၀၀ခန့် နှင့် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ဧည်သည်များ တက်ရောက်ကြမည်ဖြစ်ပြီး

အာဆီယံနိုင်ငံရှိ နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်များ၏ ထုတ်ကုန်များ ပါဝင်ပြသနိုင်ရန် အတွက်
ဝန်ဆောင်မှုများအဖြစ်

• ၉ မီတာခန့်ရှိ ပြခန်းတစ်ခန်းကို အခမဲ့ပြသနိုင်ခြင်း
• လိုအပ်ပါက ကုမ္ပဏီတစ်ခုစီ အတွက် ဘာသာပြန်အကူစီစဉ်ပေးခြင်း
• ထုတ်ကုန်များအတွက် အလားအလာရှိသူများ နှင့် တွေဆုံရန် စီစဉ်ပေးခြင်း တို့ကို ရရှိနိုင်ပါသည်။

စိတ်ပါဝင်စား၍ ပါဝင်တက်ရောက်ပြသလိုသည့် ညီနောင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်သည်စက်မှုအသင်းချုပ် ပြပွဲဌာနစိတ် ၀၁-၂၃၁၄၃၄၄ -၄၉ လိုင်းခွဲ- ၃၀၁၊ Email:ma@umfcci.com.mm နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ၀၆၇-၄၃၀၁၂၈ Email: moctradefair@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Download (PDF, 1.37MB)

2nd International Expo of Ethnic Commoditiesပြပွဲ
*****************************************

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ၊ကူမင်းမြို့တွင် ၂၀၁၇ ခုနှစ်ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့ထိကျင်းပပြလုပ်မည့် 2nd International Expo of Ethnic Commodities ပြပွဲကျင်းပပြုလုပ်မည်ဖြစ်သည်။

ပြပွဲတွင်စီးပွားရေးနှင့်ကုန်သွယ်မှုမြှင့်တင်ရန်နှင့် ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်ရန် ယဉ်ကျေးမှုဖလှယ်ရန်တို့ကိုရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံကုမ္ပဏီများနှင့် ကုန်သည်များကို ဖိတ်ခေါ်လိုပါသည်။ ပြခန်းနှုန်းထားများကိုလည်းပူးတွဲပါ ဖော်ပြပါရှိပါသည်။

စိတ်ပါဝင်စား၍ ပါဝင်တက်ရောက်ပြသလိုသည့် ညီနောင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ၁၀.၄.၂၀၁၇ ရက်နေ့နောက်ဆုံးထား၍ အမည်စာရင်း၊ ကုမ္ပဏီအမည် တို့ကို ကုန်သည်စက်မှုအသင်းချုပ် ပြပွဲဌာနစိတ် ၀၁-၂၃၁၄၃၄၄ -၂၃၁၄၃၄၉ လိုင်းခွဲ- ၃၀၁ သို့ ပေးပို့နိုင်ပါသည်။

Download (PDF, 1.49MB)

3rd Edition of INDIA STEEL EXPO 2017 ပြပွဲ
*****************************************

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ တွင် Federation of India Chambers of Commerence and Industry (FICCI) မှ ကြီးမှူး၍ Bombay Exhibition Center ၌ ၂၀၁၇ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ မှ ၂၂ ရက်နေ့ထိ ကျင်းပပြုလုပ်မည့် 3rd Edition of INDIA STEEL EXPO ပြပွဲကျင်းပပြုလုပ်မည်ဖြစ်သည်။

ပြပွဲတွင် ဆောက်လုပ်ရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ မော်တော်ကားလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ သံမဏိလုပ်ငန်းများဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်နိုင်သည်။

စိတ်ပါဝင်စား၍ ပါဝင်တက်ရောက်ပြသလိုသည့် ညီနောင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်သည်စက်မှုအသင်းချုပ် ပြပွဲဌာနစိတ် ၀၁-၂၃၁၄၃၄၄ -၂၃၁၄၃၄၉ လိုင်းခွဲ- ၃၀၁ နှင့် Email:ma@umfcci.com.mm သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Download (PDF, 1003KB)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm