“The Science of Pest Control and how to protect your brand Seminar”

Written by  //  November 28, 2018  //  Seminars  //  No comments

စင်္ကာပူအခြေစိုက်၊ Javelin Services Ltd မှ ကြီးမှူး၍ “The Science of Pest Control and how to protect your brand” ခေါင်းစဉ်ဖြင့် Seminar တစ်ရပ်ကို ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ကျင်းပမည့်ရက် – ၂၉.၁၁.၂ဝ၁၈ (ကြာသပတေးနေ့)

ကျင်းပမည့်အချိန် – ၀၈း၃၀ ~ ၁၈းဝဝ နာရီ

ကျင်းပမည့်နေရာ – Pathein Ballroom, Novotel Yangon Max Hotel

Seminar တွင် ပိုးမွှားကာကွယ်ရေးသိပ္ပံနှင့်ကုန်အမှတ်တံဆိပ် ကာကွယ်ရေးတွင် အဓိကကျသော မြို့ပြနှင့်ကျေးလက်ဒေသများတွင် ပိုးမွှားကာကွယ်ရေး၊ ကြွက်များကြောင့်ဖြစ်ပေါ်သော ကျန်းမာရေး နှင့် ငွေကြေး ဆိုင်ရာစွန့်စားမှုနှင့် ဆုံးရှုံးနစ်နာမှုများကိုကာကွယ်နည်း၊ လွန်ခဲ့သောနှစ်သန်းပေါင်း ၃၀၀ ခန့်ကပင်ရှိခဲ့ပြီး ထုတ်ကုန်ပစ္စည်းများကို ဖျက်ဆီးတတ်သည့် ပိုးဟပ်များကို ရှင်းလင်းကာကွယ်မည့်နည်း၊ ခြင်မှတစ်ဆင့် ကူးဆက်တတ်သော သွေးလွန်တုပ်ကွေး၊ ဇီကာ စသည့်ရောဂါများကို ကာကွယ်နည်း၊ ကြမ်းပိုး၊ ချ၊ ပုရွက်ဆိတ် အစရှိသော ပိုးမွှားများကို ကာကွယ်နှိမ်နင်းရမည့်နည်းလမ်း ၊ ဌက်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ စသည်တို့နှင့် စပ်လျဉ်း၍ ကျွမ်းကျင်ပညာရှင်များမှ ရှင်းလင်းတင်ပြကြမှာ ဖြစ်ပါတယ်။

အဆိုပါ Seminar သို့ တက်ရောက်လိုသူများအနေနဲ့ တက်ရောက်မည့်သူ၏ အမည်စာရင်းကို Registration Form https://drive.google.com/…/0Bz6YtF4j7SwEZVRaMUNfVjZ2b…/view…
တွင် ပြည့်စုံစွာဖြည့်စွက်ပြီး ၂၇.၁၁.၂၀၁၈ ရက်နေ့ နောက်ဆုံးထားပြီး အသင်းချုပ် နိုင်ငံတကာဆက်ဆံရေးဌာန၏ email: ird@umfcci.com.mm သို့ ပေးပို့ပေးရမှာ ဖြစ်ပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm