“Train-the-Trainer Workshop for Food Safety Trainers using IFC Methodology” 🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

Written by  //  January 22, 2019  //  Workshops  //  No comments

 

ကုန်သည်စက်မှုအသင်းချုပ်နှင့် International Finance Corporation (IFC) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ပို့ကုန်တိုးမြှင့်ရေး၊ ရင်းနှီးမြှပ်နှံမှုများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရေးတို့ အတွက် လယ်ယာသားငါးကဏ္ဍ နှင့် စားသောက်ကုန်ကဏ္ဍတို့မှ ပြည်ပတင်ပို့သူများ၊ စက်ရုံအလုပ်ရုံများကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ရာတွင် လိုအပ်သော စားသောက်ကုန် ဘေးကင်းလုံခြုံရေးဆိုင်ရာ အလေ့အထများ တိုးတက်စေရန်အတွက် နည်းပညာအကူအညီများ ပံ့ပိုးပေးရန် ရည်ရွယ်ချက်ဖြင့် Train-the Trainer Workshop ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်။

✔️ သင်တန်းအမည် – “Train-the-Trainer Workshop for Food Safety Trainers using IFC Methodology”

✔️ နေ့ရက် – ၄.၂.၂၀၁၉ မှ ၆.၂.၂၀၁၉ အထိ

✔️ အချိန် – နံနက် (၉း၀၀)နာရီ မှ ညနေ(၆း၀၀) နာရီအထိ

✔️ နေရာ – အခန်း (၄၁၂)၊ စတုတ္ထထပ်၊ ကုန်သည်စက်မှုအသင်းချုပ်
အမှတ်- ၂၉၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်

 

အဆိုပါ Train-the Trainer Workshop သို့ သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၃)နှစ်ရှိပြီး Food Science, Microbiology, Food Engineering ဆိုင်ရာ Advanced Degree တစ်ခုခုရရှိထားသူ (သို့မဟုတ်) ၄င်းနှင့်ဆက်စပ်သော လုပ်ငန်းနယ်ပယ်တွင် ပါဝင်ဆောင်ရွက်နေသည့် အသင်းချုပ် အသင်းဝင်များနှင့် ညီနောင်အသင်းများမှ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်မည် ဖြစ်ရာ ပူးတွဲပါ https://drive.google.com/…/0Bz6YtF4j7SwEanJ4cFh1ODRLR…/view… လျှောက်လွှာအား ဖြည့်စွက်၍ လျှောက်ထားနိုင်ပါသည်။

လူဦးရေကန့်သတ်ထားပါသဖြင့် ဆောလျှင်စွာ ပေးပို့လျှောက်ထားနိုင်ပါရန်နှင့် သိရှိလိုသည်များကို HRD ဌာန၊ ဖုန်းနံပါတ် ၂၃၁၄၃၄၄ ~ ၄၉ (Ext: ၁၃၃၊ ၁၃၄) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပြီး Email : hrd@umfcci.com.mm သို့ ၃၀.၁.၂၀၁၉ ရက်နေ့ နောက်ဆုံးထားကာ အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm