Training Program on “Marketing Practices” သို့တက်ရောက်ရန်ဖိတ်ကြားခြင်း

Written by  //  July 29, 2014  //  UMFCCI News  //  No comments

၁။ ဂျပန်နိုင်ငံ၊စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပင်လယ်ရပ်ခြားကျွမ်းကျင်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်နှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ HIDA (ယခင်-AOTS) နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ပူးပေါင်း၍ Training Program on Marketing Practices သင်တန်းကို ကုန်သည်/စက်မှုအသင်းချုပ် သင်တန်းကျောင်း (၁နှင့်၂) တို့တွင် အောက်ပါအချိန်ဇယားများအတိုင်းဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။
(က) Group (A)
Module(1) ကျင်းပမည့်ရက် – ၂၀၁၄ခုနှစ်၊သြဂုတ်လ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ
Module(2) ကျင်းပမည့်ရက် – ၂၀၁၄ခုနှစ်၊စက်တင်ဘာလ ၁၅ ရက်မှ ၁၉ ရက်နေ့ထိ
ကျင်းပမည့်အချိန် – နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀ အထိ
(ခ) Group (B)
Module(1) ကျင်းပမည့်ရက် – ၂၀၁၄ခုနှစ်၊သြဂုတ်လ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ
Module(2)ကျင်းပမည့်ရက်-၂၀၁၄ခုနှစ်၊စက်တင်ဘာလ ၁၅ ရက်မှ ၁၉ရက်နေ့အထိ
ကျင်းပမည့်အချိန် – နေ့လည် ၁း၃၀ နာရီမှ ညနေ ၄း၃၀ အထိ

၂။ အဆိုပါသင်တန်းကို အထက်ပါအချိန်ဇယားအတိုင်း Module (2) ခုလုံးအား အချိန်ပြည့်မပျက်အကွက်တက်ရောက်ရမည်ဖြစ်ပြီး၊အသက် ၂၅နှစ်မှ ၆၀ နှစ်အတွင်းရှိ အင်္ဂလိပ်စာစကားကျွမ်းကျင်စွာရေးသားပြောဆိုနိုင်သူ၊ ကွန်ပျူတာအသုံးပြုနိုင်သူ မန်နေဂျာအဆင့်နှင့် Executives များ၊ ကုမ္ပဏီတွင် Marketing Strategy ကို လုပ်ဆောင်နေသူများတက်ရောက်နိုင်ကြမည်ဖြစ်ပြီး Group (1) ခုလျှင်သင်တန်းသားဦးရေ (၄၀) ဦးသာလက်ခံမည်ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါသင်တန်းသို့ တက်ရောက်ရန်အတွက် လူကြီးမင်းဌာန၊အဖွဲ့အစည်းမှ သင်တန်းသားအမည်နှင့်ပူးတွဲပါ လျှောက်လွှာပုံစံကို ဓါတ်ပုံ (၂)ပုံနှင့်အတူ ဖြည့်စွက်ပြီး ဤအသင်းချုပ်သို့ (၈.၈.၂၀၁၄) နေ့ နောက်ဆုံးထား၍ အမြန်ဆုံးစာရင်းပေးပို့ပါရန် အကြောင်းကြားအပ်ပါသည်။အသေးစိတ်သိရှိလိုပါက ကုန်သည်စက်မှုအသင်းချုပ် HRD ဌာန ဖုန်းနံပါတ် ၀၁-၂၁၄၃၄၄~၉ လိုင်းခွဲနံပါတ် ၁၃၃၊ ၁၃၄ သို့ ဆက်သွယ် စုံးစမ်းနိုင်ပါသည်။

GDE Error: Error retrieving file - if necessary turn off error checking (404:Not Found)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm