UMFCCI CFO Conference 2017

Written by  //  December 19, 2017  //  UpComing Events  //  No comments

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် မကြာမီပြဌာန်းတော့မည့် ပြည်ထောင်စုအခွန်အကောက်ဥပဒေ နှင့် ပတ်သက်၍ လည်းကောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ အကြံပြုလိုသော အခွန်ဆိုင်ရာအကြံပြုတင်ပြချက်များကို ပြုစုတင်ပြနိုင်ရန် ရည်ရွယ်၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများတွင် ဘဏ္ဍာရေး နှင့် အခွန်ဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော Finance Managers များ၊ Chief Finance Officer (CFO) များ၊ Tax Consultant များ အဓိကပါဝင်တက်ရောက်ဆွေးနွေးမည့် UMFCCI CFO Conference 2017 ကို အောက်ပါ အစီအစဉ် အတိုင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားပါသည်။

ကျင်းပမည့်နေ့ရက် = ၂၁-၁၂-၂၀၁၇ (ကြာသာပတေးနေ့)

ကျင်းပမည့်အချိန် = နံနက် (၁၀း၀၀) မှ နေ့လယ် (၁၂း၀၀) အထိ

ကျင်းပမည့်နေရာ = မင်္ဂလာခန်းမ ၊ ကုန်သည်စက်မှုအသင်းချုပ်

UMFCCI CFO Conference 2017 သို့ ညီနောင်အသင်းတစ်ခုစီလျှင် သက်ဆိုင်ရာ နယ်ပယ်ရှိ လုပ်ငန်း၊ ကုမ္ပဏီ (အကြီး ၊ အလတ်၊ အသေး) အချိုးအစားမျှတစွာဖြင့် Finance Manager (သို့မဟုတ်) Chief Finance Manager (CFO)၊ Tax Consultant များအပါအ၀င် (၅) ဦးခန့် ပါဝင်ဆွေးနွေးပေးပါရန်အတွက် တက်ရောက်နိုင်ရေးအား မေတ္တာရပ်ခံဖိတ်ကြား အပ်ပါသည်။

အစည်းအဝေးတက်ရောက်မည့်သူ အရေအတွက် ကန့်သတ်ထားပါသဖြင့် အထက်ပါဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးနိုင်ပါရန်နှင့် တက်ရောက်မည့်ပုဂ္ဂိုလ် အမည်စာရင်းအား mbf.secretariat@gmail.com သို့ အမည်စာရင်း ပြန်လည် ပေးပို့ပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm