The Sixth Meeting of UMFCCI – YPGCC Economy and Cooperation Forum

Written by  //  September 14, 2017  //  Uncategorized  //  No comments

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ယူနန်ပြည်နယ်အထွေထွေကုန်သည်များအသင်း
(Yunnan Provincial General Chamber of Commerce – YPGCC) ပူးပေါင်း၍ “The Sixth Meeting of UMFCCI – YPGCC Economy and
Cooperation Forum” ကို ၁၈.၉.၂၀၁၇ရက်(တနင်္လာနေ့)၊ ၀၉း၃၀နာရီမှ ၁၆း၀၀နာရီအထိ အသင်းချုပ်၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

ဖိုရမ်တွင် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စာတမ်းများ၊ အမေးအဖြေကဏ္ဍများဖြင့်
ဆွေးနွေးတင်ပြခြင်း၊ အထူးအားဖြင့် ဆောက်လုပ်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အိမ်၊ခြံမြေ၀န်ဆောင်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ခရီးသွား
လုပ်ငန်းကဏ္ဍ၊ ကုန်စည်ပို့ဆောင်ရေးကဏ္ဍ၊ ဘဏ္ဍာရေး ကဏ္ဍ၊ သတ္တုကဏ္ဍ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းထုတ်လုပ်
သည့်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သစ်နှင့်သစ်တောထွက်လုပ်ငန်းကဏ္ဍ၊ ရာဘာထုတ်လုပ် သည့်လုပ်ငန်းကဏ္ဍ၊ လက်ဝတ်ရတနာ လုပ်ငန်းကဏ္ဍ
များ နှင့်စပ်လျဉ်း၍ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးကဏ္ဍများအလိုက် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ပါသဖြင့် တက်ရောက်ဆွေးနွေးပေးနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

R.S.V.P to – ird@umfcci.com.mm, ird.umfcci29@gmail.com

ကုန်သည်စက်မှုအသင်းချုပ်

About the Author

View all posts by

Leave a Comment

comm comm comm