US-ASEAN Business Council မှ ပြုစုရေးသားသည့် “Quick Win for Myanmar Economy” စာတမ်း မိတ်ဆက်ပွဲကျင်းပ

Written by  //  May 19, 2015  //  UMFCCI News  //  No comments

a

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ US-ASEAN Business Council က အကြံပြု ရေးသားပြုစုထားသော “Quick Win for Myanmar Economy” စာတမ်း မိတ်ဆက်ပွဲနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ကုန်သည်စက်မှုအသင်းချုပ်၏ ကူညီမှုဖြင့် ၂၀၁၅ ခုနှစ်၊ မေလ၊ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အသင်းချုပ်အဆောက်အအုံ တတိယထပ်၌ ကျင်းပခဲ့ပါသည်။

d

အခမ်းအနားကို အသင်းချုပ် ဥက္ကဌ ဦးဝင်းအောင်၊ ဒုတိယ ဥက္ကဌများ ဖြစ်ကြသော ဦးဇော်မင်းဝင်းနှင့် ဒေါက်တာမောင်မောင်လေး၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးမိုးမြင့်ကျော်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ချိုချိုဝင်း၊ US-ASEAN Business Council ဝင် Chevron၊ Baker & McKenzie၊ P&G၊ Coca Cola စသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

b

c

အခမ်းအနားတွင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှပ်နှံမှု ပိုမိုလာရောက် လုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ ကုမ္ပဏီမှတ်ပုံတင်ခြင်းကိစ္စများ၊ စီးပွားရေး သတင်းအချက်အလက်များရရှိရေး၊ ဈေးကွက်အတွင်းဝင်ရောက်နိုင်ရေး၊ ပြည်တွင်းလုပ်ငန်းရှင်များ နှင့်ပူးပေါင်းလုပ်ဆောင်နိုင်ရေး၊ ပြည်တွင်းပြည်ပအာမခံလုပ်ငန်းများ ကောင်းမွန်စွာလုပ်ဆောင်နိုင်ရေး၊ အကောက်ခွန်ဆိုင်ရာလုပ်ငန်းများ၊ စီးပွားရေး Visa ရရှိရေး၊ ရင်းနှီးမြှပ်နှံမှု အတားအဆီးများ လျော့ပါးလွယ်ကူစေရေး စသည်များကို စာတမ်းတွင် အဓိကထားဖော်ပြထားရာ အဆိုပါကဏ္ဍများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ နှစ်ဖက် အကြံပေးဆွေးနွေးခဲ့ကြပါသည်။

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm