US-Myanmar Commercial Relations: The Next Phase

Written by  //  May 31, 2016  //  UpComing Events  //  No comments

အမေရိကန်-မြန်မာ စီးပွားဆက်ဆံရေး အခြေအနေ၊ အလားအလာနှင့် အရေးယူပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို အဓိကထား ဆွေးနွေးကြမည့် US-Myanmar Commercial Relations: The Next Phase ကွန်ဖရင့် ကို အမေရိကန်နိုင်ငံကုန်သည်များအသင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့ ပူးပေါင်းကျင်းပမည် ဖြစ်ပါသည်။

ကျင်းပမည့်နေ့ရက် – ၆.၆.၂၀၁၆ (တနလာင်္နေ့)
ကျင်းပမည့် အချိန် – ၁၃:၀၀ နာရီမှ ၁၆:၃၀ နာရီအထိ
ကျင်းပမည့် နေရာ – မင်္ဂလာခန်းမ၊ ကုန်သည်စက်မှုအသင်းချုပ်

အဆိုပါ ကွန်ဖရင့်သို့ အမေရိကန်ကုန်သည်များအသင်း ၀ါရှင်တန် DC၊ အာရှပစိတ်ဖိတ်ဒေသရှိ အမေရိကန် ကုန်သည်အသင်းများ၊ အမေရိကန်မှ ထိပ်တန်းကုမ္ပဏီကြီးများမှ လုပ်ငန်းရှင်များ ပါဝင်ကြမည် ဖြစ်ပြီး
အမေရိကန်ကုန်သည်များ အသင်းများမှ အမေရိကန်-မြန်မာကုန်သွယ်မှု ဆက်ဆံရေးနှင့် ပက်သတ်သည့် သဘောထားမှတ်ချက်ကြေငြာစာတမ်း (White Paper) ကိုလည်း ဖတ်ကြား တင်ပြသွားမည် ဖြစ်ပါသည်။

အစိုးရဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ နှစ်ဖက် စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ
နှင့် လုပ်ငန်းရှင်များက ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ၊ စွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများနှင့် ပတ်သတ်၍ ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။

စိတ်ဝင်စားတက်ရောက်လိုသူများအနေဖြင့်
၃.၆.၂၀၁၆ (သောကြာနေ့) နောက်ဆုံးထား၍

ကုန်သည်စက်မှုအသင်းချုပ်၊ နိုင်ငံတကာဆက်ဆံရေးဌာန
ird@umfcci.com.mm
ဖုန်း – 01- 2314 344~49, Ext: 120, 121 09 – 450 200 320, 09 – 450 200 330
သို့ စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးဖိတ်ကြားအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

Registration Form

Download (PDF, 208KB)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm