“VYAPAR 2017 (Kerala Business to Business Meet)” သို့ ဖိတ်ကြားလာခြင်း

Written by  //  December 7, 2016  //  Exhibition News  //  No comments

အိန္ဒိယနိုင်ငံ၊ Kerala ပြည်နယ်၊ Kochi မြို့တွင် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့မှ(၄)ရက်နေ့အထိ Kerala ပြည်နယ် အစိုးရမှကြီးမှူး၍ ကျင်းပပြုလုပ်မည့် “VYAPAR 2017 (Kerala Business to Business Meet)” ပြပွဲသို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ပါဝင် တက်ရောက်နိုင်ပါရန် ပေးပို့ဖိတ်ကြားလာပါသည်။

အဆိုပါပြပွဲ၌ Kerala ပြည်နယ်ရှိ ရွေးချယ်ခံထားရသော အသေးစားနှင့်အလတ်စားလုပ်ငန်းများမှ ထုတ်ကုန်များကို ခင်းကျင်းပြသမည်ဖြစ်ပါကြောင်း၊ အဆိုပါစာရင်းများတွင် အစားအသောက်၊ လက်လုပ်ချည်ထည် အ၀တ်အစား၊ ရာဘာ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးဘက်ဝင်အပင်များ၊ ၀ါးနှင့်ပြုလုပ်သည့် ရိုးရာလက်မှုပစ္စည်းများ ပါဝင်ပါကြောင်းနှင့် ပြပွဲဆိုင်ရာ လက်ကမ်းစာစောင်နှင့် အသေးစိတ်အချက်အလက်များကို www.keralabusinessmeet.org တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း စသည်ဖြင့်ဖော်ပြပါရှိပါသည်။

သို့ဖြစ်ပါ၍ ပါဝင်တက်ရောက်လိုသော စိတ်ပါဝင်စားသည့်ကုန်သည်စက်မှုအသင်းချုပ်နှင့်ညီနောင်အသင်းများ မှအသင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက အထက်ဖော်ပြပါ website:www.keralabusinessmeet.org နှင့် အသင်းချုပ်ပြပွဲဌာနစိတ် ဖုန်း-၂၃၁၄၃၄၄~၄၉ Ext:၃၀၁၊ မိုဘိုင်း-၀၉-၄၅၀၂၀၀၃၅၀၊ E-mail:ma@umfcci.com.mm သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

Download (PDF, 739KB)

“VYAPAR 2017 (Kerala Business to Business Meet)” သို့ ဖိတ်ကြားလာခြင်းကိစ္စ

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm