Workshop on “Business Management for the Service Industry” နှင့် Training Program on “Shop Management for the Service Industry” သို့တက်ရောက်ရန်ဖိတ်ကြားခြင်း။

Written by  //  August 13, 2014  //  UMFCCI News  //  No comments

၁။ ဂျပန်နိုင်ငံ၊စီးပွားရေးနှင့်စက်မှုဝန်ကြီးဌာန၏ပင်လယ်ရပ်ခြား ကျွမ်းကျင်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်နှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ HIDA (ယခင်-AOTS)နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ပူးပေါင်း၍ Workshop on “Business Management for the Service Industry” နှင့် Training Program on “Shop Management for the Service Industry” သို့ ကုန်သည်စက်မှုအသင်းချုပ် သင်တန်းကျောင်း (စာသင်ခန်းမ-၁) တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။

(က) Workshop အစီအစဉ် (၁)
ကျင်းပမည့်ရက် – ၂၀၁၄ခုနှစ်၊စက်တင်ဘာလ ၂ ရက်မှ ၃ ရက်နေ့အထိ
ကျင်းပမည့်အချိန် – နံနက် ၉း၃၀ နာရီမှ ညနေ ၄း၃၀ အထိ
(ခ) Workshop အစီအစဉ် (၂)
ကျင်းပမည့်ရက် – ၂၀၁၄ခုနှစ်၊စက်တင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ
ကျင်းပမည့်အချိန် – နံနက် ၉း၃၀ နာရီမှ ညနေ ၄း၃၀ အထိ
၂။ အဆိုပါ Workshop အစီအစဉ် (၂)ခုလုံးအား မြန်မာဘာသာပြန်ဖြင့်ဆောင် ရွက်မည်ဖြစ်ပါ၍ အထက်ပါအချိန်ဇယားအတိုင်း Part (1) နှင့် Part (2) နှစ်ခုလုံးအားအချိန်ပြည့်မပျက်မကွက်တက်ရောက်ရမည်ဖြစ်ပြီး၊ အသက် ၂၅ နှစ်မှ ၅၅ နှစ်အတွင်းရှိ ဝန်ဆောင်မှုစီးပွားရေးအားစိတ်ပါဝင်စားသူ၊ Service Company တွင် မန်နေဂျာအဆင့်နှင့် Executives ရာထူးဖြင့် လက်ရှိတာဝန်ထမ်းဆောင်သူများ တက်ရောက်နိုင်ကြမည်ဖြစ်ပြီး အစီအစဉ် (၁) အတွက် လူဦးရေ (၄၀)နှင့် အစီအစဉ်(၂) အတွက် လူဦးရေ (၃၂)ဦး လက်ခံမည်ဖြစ်ပါသည်။
၃။ အဆိုပါအပိုင်း (၁)နှင့်(၂)သို့တက်ရောက်ပြီးသူများသည် ၂၀၁၄ခုနှစ် စက်တင်ဘာ (၈)ရက်နှင့်(၉)ရက်တွင်ပို့ချမည့် Training Program on “Shop Management for the Service Industry” သို့မပျက်မကွက်ဆက်လက် တက်ရောက်ရမည်ဖြစ်ပါသည်။
၎။ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ Workshopသို့ တက်ရောက်ရန်အတွက် လူကြီးမင်းဌာန/အဖွဲ့အစည်းမှ ပူးတွဲပါလျှောက်လွှာပုံစံကိုဖြည့်စွက်ပြီး အသင်းချုပ် HRD ဌာန၊Ph:217479,217480နှင့် 214344~49(Ext-133,134) သို့ဆက်သွယ်၍ (၂၂.၈.၂၀၁၄) နေ့နောက်ဆုံးထား၍ အမြန်ဆုံးစားရင်းပေးပို့ပါရန် အကြောင်းကြားအပ်ပါသည်။

GDE Error: Error retrieving file - if necessary turn off error checking (404:Not Found)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm