Workshop on “How to export to China?”

Written by  //  September 30, 2016  //  UMFCCI News  //  No comments

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်နိုင်ငံတကာ ကုန်သွယ်ရေးစင်တာ (International Trade Center) တို့ပူးပေါင်း၍ “How to Export to China” အလုပ်ရုံဆွေးနွေး ပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ရန် စီစဉ်လျှက်ရှိပါသည်။

ကျင်းပမည့်နေ့ရက် – ၃.၁၀.၂၀၁၆ ~ ၄.၁၀.၂၀၁၆ ရက်နေ့
ကျင်းပမည့်အချိန် – ၉း၀၀ နာရီ ~ ၁၇း၀၀ နာရီ
ကျင်းပမည့်နေရာ – Room 406, စတုတ္ထထပ်၊ UMFCCI Office Tower

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်မှာ “Enhancing Export Capacities of Asian LDCs for Intra-regional Trade” စီမံချက်အရ ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်း များဖွံဖြိုးတိုးတက်ရေးအတွက် အာရှနိုင်ငံများအတွင်း စီးပွားရေးအလားအလာအကောင်းဆုံးဖြစ်သော တရုတ်ဈေး ကွက်သို့ ပို့ကုန်ဈေးကွက်ထိုးဖောက်နိုင်ရေး၊ မြန်မာ့ထွက်ကုန်များ တရုတ်ဈေးကွက်သို့ အဆင်ပြေချောမွေ့စွာတင်ပို့ နိုင်ရေးအတွက် သိသင့်သိထိုက်သော ဆောင်ရွက်သင့်သည့်အချက်အလက်များ၊ စိန်ခေါ်နေမှုများနှင့်အခွင့်အလမ်း ကောင်းများကို UN မှကျွမ်းကျင်ပညာရှင်မှ စာတမ်းများနှင့်တကွ ဆွေးနွေးကြမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အထက်ပါ အလုပ်ရုံဆွေးနွေးပွဲသို့ မိမိကိုယ်တိုင် (သို့) မိမိတို့အသင်းအဖွဲ့၊ ကုမ္ပဏီမှ တာဝန်ရှိ သူများ တက်ရောက်နိုင်ပါရန်နှင့် တက်ရောက်မည့်အမည်စာရင်းကို ပူးတွဲပါပုံစံတွင်ဖြည့် စွက်၍ (၃၀.၉.၂၀၁၆) ရက်နေ့ နောက်ဆုံးထားပြီး ဤအသင်းချုပ်၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ အီးမေးလ် – ird@umfcci.com.mm သို့ အမည်စာရင်းပေးပို့ပေးပါရန် မေတ္တာရပ်ခံ ဖိတ်ကြားအပ်ပါသည်။

ပူးတွဲ။ ။ ဖိတ်စာ၊ အစီအစဉ်၊ registration form

Download (PDF, 703KB)

Download (PDF, 216KB)

Download (PDF, 136KB)

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm