“World Food Expo 2016” သို့ ဖိတ်ကြားခြင်း

Written by  //  September 30, 2016  //  UMFCCI News  //  No comments

၁။ ကိုရီးယားသမ္မတနိုင်ငံ၊ KINTEX HALL 7 တွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့မှ (၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “World Food Expo 2016” ပြပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်ပြသနိုင်ပါရန် အသင်းချုပ်သို့ ရည်ညွှန်းချက်ပါစာဖြင့် ပေးပို့ဖိတ်ကြားလာပါသည်။

၂။ အဆိုပါပြပွဲအတွင်း Organic & Natural Show၊ Dessert & Snack Fair၊ Wine & Drinks Festival၊ Vita Life Fair၊ Halal Food Expo၊ Fermented Food Show၊ Sea Food Expo အစရှိသည့် ပြပွဲ (၇) ခုအားတစ်ကြိမ်တည်း ပူးပေါင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြခန်းပေါင်း ၃၅၀ မှ ၄၀၀ ခန့် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းများ အနေဖြင့် Raw Space Only အား USD 2500 နှင့် Shell Scheme Package (9 sqm) အား USD 3000 ကျသင့်မည် ဖြစ်ကြောင်း နှင့် အထူးအခွင့်အရေးအနေဖြင့် ပြသသူများအား နေထိုင်စရာနေရာ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ဖော်ပြပါရှိပါသည်။

၃။ သို့ဖြစ်ပါ၍ ပါဝင်တက်ရောက်လိုသော စိတ်ပါဝင်စားသည့် ကုန်သည်စက်မှုအသင်းချုပ်နှင့်ညီနောင်အသင်းများ မှအသင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက Amy Cheon၊ Assistant Manager၊ Tel:+82 10 4107 3232၊ Email- stella@world-expo.co.kr နှင့် အသင်းချုပ် ပြပွဲဌာနစိတ် ဖုန်း:၂၃၁၄၃၄၄~၄၉ Ext:၃၀၁၊ မိုဘိုင်း-၀၉-၄၅၀၂၀၀၃၅၀၊ E-mail: ma@umfcci. com.mm သို့ ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

World Food Expo 2016-1

World Food Expo 2016-22

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm