Yangon (Myanmar) – Tianjin (China) Business Matching ကျင်းပ

Written by  //  March 17, 2015  //  Business Matching, UMFCCI News  //  No comments

မတ်လ ၁၀၊ ၂၀၁၅။ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ်နှင့် တရုတ်ပြည့်သူ့ သမ္မတနိုင်ငံ တီအန်ကျင်းဒေသန္တရပြည့်သူ့အစိုးရ State-owned Assets Supervision and Administration Commision of Tianjin Municipal People’s Government တို့ပူးပေါင်း၍ Yangon (Myanmar) – Tianjin (China) Business Matching ကို ၂၀၁၅ခုနှစ် မတ်လ ၁၀ရက် နံနက် ၁၀နာရီတွင် ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်၊ ဗပိာုအလုပ်အမှုဆောင် ဦးဇော်နိုင်သိန်း၊ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေနှင့် တာဝန်ရှိသူများ၊ TJ- SASAC Director Mr. Li Fuming ၊ TCC Deputy Director Mr. Li Shengliနှင့် တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်၊ TJ- SASAC Director Mr. Li Fuming တို့က အဖွင့်အမှာစကားပြောကြားပေးခဲ့ကြပါသည်။ ထို့နောက် Tianjin – Yangon Economics and Trade Fair Coroporation Fair နှင့်ပက်သတ်၍ TCC Deputy Director Mr. Li Shengli က ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ကုန်သည်စက်မှုအသင်းချုပ် ဗပိာုအလုပ်အမှုဆောင် ရင်းနှီးမြှပ်နှံမှု ဖွံဖြိုးတိုးတက်ရေး ဥက္ကဋ္ဌ ဦးဇော်နိုင်သိန်း နှင့် TJ-SASAC Deputy Director Mr. Liu Jianzhong တို့က စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှု တိုးတက်လာစေရန်၊ နှစ်ဖက်စီးပွားရေးလုပ်ငန်း အခွင့်အလမ်းများ တိုးမြင့်လာစေရန် ရည်ရွယ်၍ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ လက်မှတ်ရေးထိုးပြီးနောက် ကဏ္ဍအလိုက် တစ်ဦးချင်း စီးပွားရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် အခမ်းအနားကို မွန်းလွဲ ၁၂နာရီခွဲတွင် ရုတ်သိမ်းခဲ့ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်
1
2
43

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm