YEN-D Program – Young Entrepreneurs Network Development Program သို့ တက်ရောက်ရန် ဖိတ်ခေါ်ခြင်း

Written by  //  May 20, 2016  //  Training Programs  //  No comments

YEN-D Program – Young Entrepreneurs Network Development Program သို့တက်ရောက်ရန် ဖိတ်ခေါ်ခြင်း

ပြည်တွင်းနှင့် အိမ်နီးချင်းနိုင်ငံများ (CLMV) ရှိ လုပ်ငန်းများအကြား စီးပွားရေးလုပ်ငန်းရှင်များကို ထိရောက်စွာနှင့် ကျွမ်းကျင်စွာ အချိန်နှင့် တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် စီးပွားရေးနှင့် ပက်သတ်သည့် အကျိုးကျေးဇူးများကိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် Department of Foreign Trade (DFT) မှ ဦးဆောင်၍ ၂၀၁၆ခုနှစ် ဇွန်လ ၂၀ရက်နေ့မှ ၂၄ရက်နေ့ထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် YEN-D Program- Young Entrepreneurs Network Development Program ဆွေးနွေးပွဲသို့ လူငယ်စီးပွားရေးစွမ်းဆောင်ရှင် (၄၀) ဦး တက်ရောက်ပေးနိုင်ရန် Royal Thai Embassy မှ အသင်းချုပ်သို့ ဖိတ်ကြားလာပါသည်။
အဆိုပါ သင်တန်းသို့ တက်ရောက်ချင်သော လူငယ်စီးပွားရေး စွမ်းဆောင်ရှင်များအနေဖြင့် အောက်ပါ အချက်များ ပြည့်စုံရန် လိုအပ်ပါသည် –
• လုပ်ငန်းမှတ်ပုံတင် သက်တမ်း ၃နှစ်ရှိရမည်
• မိမိလုပ်ငန်း၏ တစ်နှစ်ပတ်လုံးရောင်းရငွေ အနည်းဆုံး USD 100,000 ရှိရမည်
• လျှောက်ထားသူအနေဖြင့် လုပ်ငန်း၏ အဓိက စီမံခန့်ခွဲမှုများဆောင်ရွက်နေသော လုပ်ငန်းရှင် (သို့မပာုတ်) ယင်းလုပ်ငန်းကို လက်ဆင့်ကမ်း ဦးဆောင်သူ (Business Successor) များဖြစ်ရမည်
• အသက် (၄၅)နှစ်အောက်ဖြစ်ရမည်
• လျှောက်ထားသူ၏ လုပ်ငန်းသည် CLMV နိုင်ငံများသို့ ဈေးကွက်ထိုးဖောက်ရန် အဆင်သင့်ဖြစ်ရမည်
• လျှောက်ထားသူ၏ Passport မိတ္တူနှင့် Company Profile ကို English Language ဖြင့် တစ်ပါတည်း ပူးတွဲတင်ပြရမည်
လျှောက်လွှာပုံစံ များကို အောက် တွင် Download ရယူ၍ လိုအပ်သော အချက်အလက်များ ပူးတွဲလျှက် အသင်းသား ရေးရာဌာန သို့ ၂၇.၅.၂၀၁၆ (သောကြာနေ့) နောက်ဆုံးထား၍ လာရောက် လျှောက်ထား နိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အသင်းသားရေးရာဌာန ဖုန်း ၀၁ – ၂၃၁၄၃၄၄ ~ ၄၉ ၊ လိုင်းခွဲ ၁၃၆၊ ၁၄၀ (သို့မပာုတ်) ma@umfcci.com.mm သို့မေးမြန်းနိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်

Download (PDF, 591KB)

Download (DOCX, 1019KB)

Download (PDF, 299KB)

ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm