Young Leaders Program ၏ MBA ပညာသင်ဆုအတွက် ဖိတ်ခေါ်ခြင်း

Written by  //  August 26, 2016  //  Training Programs, UMFCCI News, Uncategorized  //  No comments

ဂျပန်နိုင်ငံ Ministry of Education, Culture, Sports, Science and Technology ၏ “Young Leaders Program (YLP)” အစီအစဉ်ဖြင့်
စက်တင်ဘာလ ၂၀၁၇ ခုနှစ်မှ သြဂုတ်လ ၂၀၁၈ ခုနှစ်အထိ
Master of Business Administration (ပညာသင်ဆု) ကို ဂျပန်နိုင်ငံတွင် ဖွင့်လှစ်သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။
ပညာသင်ဆုကို စိတ်ပါဝင်စား တက်ရောက်လိုသော
ကုန်သည်စက်မှုအသင်းချုပ် ညီနောင်အသင်းများ၊ အသင်းဝင်ကုမ္ပဏီများနှင့်
စီးပွားရေးလုပ်ငန်းလုပ်ကိုင် နေသောလူငယ်များအနေဖြင့်
ဝင်ရောက်လျှောက်ထားနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။
ပညာသင်ဆုအတွက် အရည်အချင်းသတ်မှတ်ချက်များ
***********************
(၁) ခေါင်းဆောင်နိုင်စွမ်း အရည်အချင်းရှိသူ
(၂) အသက် ၄၀ နှစ်အောက် (Born on or after 2nd September 1977)
(၃) အင်္ဂလိပ်စာဘာသာစကား ကျွမ်းကျင်သူ (TOEFL-IBT Score of 100, TOEFL-PBT Score of 600, TOEFL-CBT Score of 250, IELTS Academic Score of 7.0 or equivalent)
(၄) လုပ်ငန်းခွင်အတွေ့အကြုံ (၃) နှစ် အနည်းဆုံးရှိသူ
(၅) တက္ကသိုလ်၌ GPA 3.5 နှင့် အထက်အောင်မြင်ထားသူ
(၆) ကျန်းမာရေးကောင်းမွန်သူ
(၇) Young Leaders Program (YLP) One Year Program သို့ တက်ရောက်ရန် လုံလောက်သော အရည်အချင်းရှိသူ
(၈) အရွေးချယ်ခံရရှိသူများအနေဖြင့် အဆိုပါဘွဲ့တက်ရောက်အောင်မြင်ပါက အသင်းချုပ်တွင် အနည်းဆုံး (၁) နှစ် ပြန်လည်တာဝန်ထမ်းဆောင်နိုင်သူကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါသည်။
လျှောက်လွှာများကို ကုန်သည်စက်မှုအသင်းချုပ် တတိယထပ်ရှိ အသင်းသားရေးရာဌာနတွင် လာရောက်ထုတ်ယူဖြည့်စွက်၍ လိုအပ်သောသတ်မှတ်
အရည်အချင်း စာရွက်စာတမ်းများ မိတ္တူ အစုံ (၂) စုံ နှင့်တကွ
၂.၉.၂၀၁၆ ရက် (သောကြာနေ့) နောက်ဆုံးထား၍
လာရောက်ပေးပို့ လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
အသေးစိတ်အချက်အလက်များသိရှိလိုပါက
ကုန်သည်စက်မှုအသင်းချုပ်
အသင်းသားရေးရာဌာန
Phone: 01-2314344~49 Ext:118,140
Email: ma@umfcci.com.mm
သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
Scholarship Photoshop Template
ကုန်သည်စက်မှုအသင်းချုပ်

About the Author

UMFCCI Administration Team. Please contact the Public Relations Unit at UMFCCI, Tel: 01-2314344 Ext 323.

View all posts by

Leave a Comment

comm comm comm