UMFCCI MSME Fair 2023 ပြပွဲကြီးသို့ လာရောက် ကြည့်ရှုလေ့လာနိုင်
မြန်မာနိုင်ငံအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ စီစဉ်သည့် “UMFCCI MSMEs Fair 2023” ၂၀၂၃ ခုနှစ်၊ မေလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပြပွဲတွင် MSMEs လုပ်ငန်းရှင်များ၏ ပြည်တွင်းဖြစ် ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ပြခန်းပေါင်း ၁၂၀ ကျော်ဖြင့် ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဈေးကွက်အခွင့်အလမ်းများ လက်တွေ့ ရရှိစေမည်ဖြစ်ပါသည်။
စီးပွားရေးဆိုင်ရာ နည်းပညာ၊ အသိပညာဗဟုသုတများ ရရှိနိုင်မည့် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်မျ
စိတ်ပါဝင်စား တက်ရောက်လိုသူများအနေဖြင့် ကုန်သည်စက်မှုအသင်းချုပ် UMFCCI Website Link : https://bit.ly/3AReR81 တွင် အမည်စာရင်းများ ကြိုတင်စာရင်းပေးသွင်း၍ တက်ရောက်နိုင်ပါသည်။
ဆက်သွယ်ရန်ဖုန်း
၀၉-၄၀၀၀၃၉၂၂၇
၀၉-၄၃၀၈၉၆၈၆
၀၉-၇၉၉၂၄၂၅၁၈
အီးမေးလ် - msmeass.myanmar@gmail.com
Back