ကုန်သည်စက်မှုအသင်းချုပ် (၂၀၂၂-၂၀၂၅) ခုနှစ် သက်တမ်းအတွက် အမှုဆောင်သစ်များ ရွေးကောက်တင်မြှောက်ပွဲ အောင်မြင်စွာကျင်းပ

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကိုဦးဆောင်သည့် ကုန်သည်စက်မှုအသင်းချုပ် (၂၀၂၂-၂၀၂၅) ခုနှစ် သက်တမ်းအတွက် အမှုဆောင်သစ်များ ရွေးကောက်တင်မြှောက်ပွဲကို အသင်းချုပ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကုန်သည်စက်မှု အသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ရွေးကောက်တင်မြှောက်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် (၂၀၁၆-၂၀၂၂) ခုနှစ် သက်တမ်းတွင် တာဝန်ယူဆောင်ရွက်ခဲ့သော အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး (၂၀၂၂-၂၀၂၅) ခုနှစ် သက်တမ်းအတွက် အမှုဆောင်သစ်များ ရွေးကောက်တင်မြှောက်ပွဲ ကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းမှ ရွေးကောက်တင်မြှောက်ပွဲနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကုန်သည်စက်မှုအသင်းချုပ်တွင်၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက် မတိုင်မီ အသင်းဝင်ထားပြီး ရွေးကောက်တင်မြှောက်ပွဲကို ၁၁.၁၁.၂၀၂၂ နောက်ဆုံးထား၍ Online Register ပြုလုပ်ထားသော အသင်းသားများ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် Electronic Voting (OpaVote) ကို အသုံးပြု၍ အမှုဆောင်သစ်များ ရွေးကောက်တင်မြှောက်ပွဲကို ကျင်းပခဲ့ကြသည်။

ယနေ့ရွေးကောက်ပွဲတွင် အသင်းသားပေါင်း(၈၁၇) ဦးတို့မှ ဆန္ဒမဲပေးခဲ့ကြပါသည်။

ယင်းနောက် (၂၀၂၂-၂၀၂၅) ခုနှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့တွင် ရွေးကောက် တင်မြှောက်ခံရသော အသင်းသားကိုယ်စားလှယ် (၈၁)ဦးနှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ် (၈၁) ဦး စုစုပေါင်း အဖွဲ့ဝင် (၁၆၂) ဦး ပါဝင်ပါသည်။

ဆက်လက်၍ အရွေးကောက်ခံရပြီးသော အလုပ်အမှုဆောင်အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် အရည်အချင်းနှင့် ညီညွတ်သော ဗဟိုအလုပ်အမှုဆောင် (၆၄) ဦးကို ဆက်လက်ရွေးချယ်ခဲ့သည်။

ဗဟိုအလုပ်အမှုဆောင်များမှဆက်လက်၍ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသော အသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (၇) ဦး၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၇) ဦး၊ ဘဏ္ဍာရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး၊ အကျိုးဆောင်စာရင်းစစ်နှင့် တွဲဖက်အကျိုးဆောင်စာရင်းစစ် စသည်ဖြင့် အသီးသီးထပ်မံမဲပေးရွေးချယ်ခဲ့ကြသည်။

၂၀၂၂-၂၀၂၅ ခုနှစ်သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ရေး ကြီးကြပ်မှုကော်မရှင်အဖွဲ့ဝင်များမှရွေးကောက်တင်မြှောက်ခြင်းခံရသော စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များစာရင်းအသီးသီးအား ကြေညာပေးခဲ့၍ အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Back

Election News

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ ၂၀၂၂-၂၀၂၅ ခုနှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့ဝင်များစာရင်း

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ ၂၀၂၂-၂၀၂၅ ခုနှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့ဝင်များစာရင်း

ကုန်သည်စက်မှုအသင်းချုပ် (၂၀၂၂-၂၀၂၅) ခုနှစ် သက်တမ်းအတွက် အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲ အောင်မြင်စွာကျင်းပ

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကိုဦးဆောင်သည့် ကုန်သည်စက်မှုအသင်းချုပ် (၂၀၂၂-၂၀၂၅) ခုနှစ် သက်တမ်းအတွက် အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲကို အသင်းချုပ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကုန်သည်စက်မှု အသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပါသည်။

ကုန်သည်စက်မှုအသင်းချုပ် (၂၀၂၂-၂၀၂၅) ခုနှစ် သက်တမ်းအတွက် အသင်းချုပ်ဥက္ကဋ္ဌအဖြစ် ဦးအေးဝင်းအား ရွေးကောက်တင်မြှောက်

ကုန်သည်စက်မှုအသင်းချုပ် (၂၀၂၂-၂၀၂၅) ခုနှစ် သက်တမ်းအတွက် အသင်းချုပ်ဥက္ကဋ္ဌအဖြစ် ဦးအေးဝင်းအား ရွေးကောက်တင်မြှောက်

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ (၂၀၂၂-၂၀၂၅) ခုနှစ်သက်တမ်းအတွက် အမှုဆောင်သစ်ရွေးကောက်တင်မြှောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ (၂၀၂၂-၂၀၂၅) ခုနှစ်သက်တမ်းအတွက် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်းခံရသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ (၂၀၂၂-၂၀၂၅) ခုနှစ်သက်တမ်းအတွက် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသော စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ (၂၀၂၂-၂၀၂၅) ခုနှစ်သက်တမ်းအတွက် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသော စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ