အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနသည် လက်ရှိပြဋ္ဌာန်းထားသည့် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒေများပါ ပြဋ္ဌာန်းချက်အချို့ကို အစိုးရ-အလုပ်ရှင်-အလုပ်သမား သုံးပွင့်ဆိုင်ဖြင့် ပြင်ဆင်သွားမည်ဖြစ်ရာ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေများ (မူကြမ်း) နှင့် စပ်လျဉ်း၍ အလုပ်ရှင်များ၏ အကြံပြုချက်များရယူရန် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ အသင်းချုပ် အလုပ်အမှုဆောင်ဖြစ်သူ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်း၊ အင်းစိန်မြို့နယ် အလုပ်ရှင်အဖွဲ့အစည်းဌာန ဥက္ကဋ္ဌ ဦးမြင့်အောင်၊ EOD’s Subscriber အဖွဲ့ဝင် အလုပ်ရှင်ကိုယ်စားလှယ်များ၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန် (၂) ၊ (၃) ၊ (၄) တို့မှ တာဝန်ရှိသူများ၊ အသင်းချုပ်အလုပ်ရှင်အဖွဲ့အစည်းဌာနမှ ဌာနမှူး ဦးမြင့်ကျော်၊ Legal Consultant ဦးစိုးဝင်းနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)
Backမြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၏ နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး
မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (CECCM) ၏ အသင်းအမှုဆောင်အဖွဲ့သစ် တင်မြှောက်ခြင်းနှင့် မြန်မာ-တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း အခမ်းအနား
4th Annual BCCM Business & Trade Expo 2026 ဖွင့်ပွဲ
မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc နှင့်အဖွဲ့အား ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ လက်ခံတွေ့ဆုံ
ကမ္ဘောဒီးယားနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Cheng Manith ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူနှင့် လာရောက်တွေ့ဆုံ