ကုန်သည်စက်မှုအသင်းချုပ်နှင့် ဧရာဝတီဘဏ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ကုန်သည်စက်မှုအသင်းချုပ်နှင့် ဧရာဝတီဘဏ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကုန်သည်စက်မှု အသင်းချုပ်နှင့် ဧရာဝတီဘဏ်တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ MOU ကို ကုန်သည်စက်မှုအသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့် ဧရာဝတီဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမင်းဝင့်ဦးတို့  လက်မှတ်ရေးထိုးခဲ့ကြပြီး နိုင်ငံအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်နိုင်စေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံစီးပွားရေး ပြန်လည် ရှင်သန်လာခြင်းကို ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ ရေးထိုးခဲ့ကြသည်။

  

MoU တွင် MSME  ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းများ (Networking များ တိုးချဲ့တည်ဆောက်ပေးခြင်း၊ Workshop, Seminar များ ကျင်းပပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးခြင်း စသည်များ) ပူးပေါင်းဆောင်ရွက်ရန်၊

နှစ်ဦးနှစ်ဘက် ညှိနှိုင်းသဘောတူညီချက်များနှင့်အညီ MSME လုပ်ငန်းများ စတင်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သည့် ချေးငွေများ ထုတ်ချေးရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန်၊

MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ စီးပွားရေး လုပ်ငန်းဆိုင်ရာ အဝန်းအဝိုင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ထိရောက်စွာ အသုံးပြု၍ မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး အပြန်အလှန် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ရန် စသည်တို့ပါဝင်ပါသည်။

အဆိုပါ MoU ရေးထိုးပွဲသို့ အသင်းချုပ်ဖက်မှ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးရဲမင်းအောင်၊ ဦးအေးထွန်း၊ ဒေါက်တာဝင်းစည်သူ၊ ဦးဆန်းလင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဒေဝ၊ ဦးရဲမြင့်မောင်၊ ဒေါ်သူဇာဝင်း၊ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇော်ဌေး၊ ဧရာဝတီဘဏ်မှ အမှုဆောင်အရာရှိချုပ်ဦးမြင့်ဇော်၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းဝင့်ဦး ၊ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်သဇင်အောင် တို့ တက်ရောက်ခဲ့ကြသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Back

UMFCCI News

သက်တမ်း ခုနစ်နှစ်ရှိလာသော မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၏ နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ပြောင်းကဏ္ဍအား ယခုထက် ခိုင်မာအောင် လုပ်ဆောင်ရန် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၏ နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး

မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (CECCM) ၏ အမှုဆောင်အဖွဲ့သစ် တင်မြှောက်ခြင်းနှင့် မြန်မာ-တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း  အခမ်းအနားကျင်းပ

မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (CECCM) ၏ အသင်းအမှုဆောင်အဖွဲ့သစ် တင်မြှောက်ခြင်းနှင့် မြန်မာ-တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း အခမ်းအနား

4th Annual BCCM Business & Trade Expo 2026 ဖွင့်ပွဲသို့ ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ တက်ရောက် အမှာစကားပြောကြား

4th Annual BCCM Business & Trade Expo 2026 ဖွင့်ပွဲ

မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc နှင့်အဖွဲ့အား ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ လက်ခံတွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc နှင့်အဖွဲ့အား ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ လက်ခံတွေ့ဆုံ

နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ အတွေ့အကြုံများဖလှယ်ရေးနှင့် လုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Cheng Manith ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူနှင့် လာရောက်တွေ့ဆုံ

ကမ္ဘောဒီးယားနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Cheng Manith ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူနှင့် လာရောက်တွေ့ဆုံ