“UMFCCI Centennial International Expo 2019 ”  ပြပွဲတွင် ကုန်ပစ္စည်းဝင်ရောက်ပြသလိုသူ  (Exhibitor) များကို ဖိတ်ခေါ်

“UMFCCI Centennial International Expo 2019 ” ပြပွဲတွင် ကုန်ပစ္စည်းဝင်ရောက်ပြသလိုသူ (Exhibitor) များကို ဖိတ်ခေါ်

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) သည် ၂၀၁၉ ခုနှစ်တွင် ပြည့်မြောက်မည့် နှစ်(၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် “UMFCCI Centennial International Expo 2019” ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ မှ (၂၂) ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ Fortune Plaza (Myanmar Expo) တွင် ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လုပ်ငန်းရှင်များအနေနဲ့ ပြပွဲတွင်ကုန်ပစ္စည်းများကို ဝင်ရောက်ပြသနိုင်ပါတယ်။

 

အဆိုပါပြပွဲကြီးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့၏ ပံ့ပိုးမှုတို့ဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

 

UMFCCI Centennial International Expo 2019 ပြပွဲတွင် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ပြသနိုင်စေရန်၊ နိုင်ငံတကာဈေးကွက်သို့ မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများ ထိုးဖောက်ဝင်ရောက် ရောင်းချနိုင်စေရန်၊ ပြည်ပမှ အရည်သွေးမြင့် သွင်းကုန်ပစ္စည်းများ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာစေရန်တို့အတွက် ရည်ရွယ်ပြီး ကုန်ပစ္စည်းများဝင်ရောက်ပြသလိုတဲ့ ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင် (Exhibitor) များကို ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ ဖိတ်ခေါ်လျက်ရှိပါတယ်။

 

 

ပြပွဲတွင် နိုင်ငံတကာမှ ကုန်ပစ္စည်းများအပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းများမှ ဒေသထွက်ကုန်နှင့် ထုတ်ကုန်ပစ္စည်းများ (Value Added & Semi Finish Products) များကို ပြခန်းပေါင်း (၂၀၀) ကျော်ဖြင့် ပါဝင်ပြသွားမှာဖြစ်ပြီး အသင်းချုပ် ညီနောင်အသင်းအဖွဲ့များမှလည်း -

(က) တိုင်းနှင့်ပြည်နယ်များမှ အရည်အသွေးမီသော ဒေသထွက်ကုန်ပစ္စည်းများ
(ခ) လုပ်ငန်းအလိုက်အသင်းများဖြစ်ပါက ပြည်ပပို့ကုန်မြှင့်တင်ရေး နှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရောင်းချနိုင်သော ပစ္စည်းများကိုပါ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။

ယခုပြပွဲကြီးမှာ ပါဝင်ပြသဖို့ စိတ်ပါဝင်စားတဲ့လုပ်ငန်းရှင်များအနေနဲ့ ပြပွဲအသေးစိတ်ကို သိရှိနိုင်ဖို့ www.umfccicentennialexpo.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး မိမိတို့ရဲ့ကုန်ပစ္စည်းများကို ပါဝင်ပြသနိုင်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ ဖိတ်ခေါ်လိုက်ရပါတယ်။

 

 

ဆက်သွယ်ရန်
*************

Secretariat Office

 

Phone : + 951-231 4344~49 (Ext :118, 301) + 959-450 200 340, 09450200330, 09677727514

 

Mail : centennialexpo.umfcci@gmail.com

 

 

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Back

UMFCCI News

ကုန်သည်စက်မှုအသင်းချုပ်၊ ဝန်ဆောင်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီ လစဉ် အစည်းအဝေးများ ၌ နယ်စပ်ကုန်သွယ်ရေး အခြေအနေများ၊ Logistics နှင့် လိုင်စင် ကိစ္စရပ်များ၊ သွင်းကုန် ထုတ်ကုန်ဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့

ဝန်ဆောင်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီ (၄/၂၀၂၆) နှင့် (၅/၂၀၂၆) ညှိနှိုင်းအစည်းအဝေးများ

စွမ်းအင်နှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေးကော်မတီ၏ တတိယအကြိမ် ကော်မတီညှိနှိုင်းအစည်းအဝေး တွင် စက်မှုကုန်ကြမ်းကိစ္စများ ဆွေးနွေး

စွမ်းအင်နှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေးကော်မတီ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေး

ကုန်သည်စက်မှုအသင်းချုပ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ (၄/၂၀၂၆) အစည်းအဝေး၌ သင်တန်းများ အကြိမ်ရေ တိုးချဲ့ဖွင့်လှစ်ရန် ထည့်သွင်း ဆွေးနွေးခဲ့

ကုန်သည်စက်မှုအသင်းချုပ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၄/၂၀၂၆) အစည်းအဝေး

နိုင်ငံတကာဆက်ဆံရေး ကော်မတီ၏ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး

နိုင်ငံတကာဆက်ဆံရေး ကော်မတီ၏ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး

ကုန်သည်စက်မှု အသင်းချုပ် မူဝါဒရေးရာတင်ပြရေးနှင့် သုတေသန ကော်မတီ လစဉ်အစည်းအဝေးများ၌ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့

ကုန်သည်စက်မှု အသင်းချုပ် မူဝါဒရေးရာတင်ပြရေးနှင့် သုတေသန ကော်မတီ လစဉ်အစည်းအဝေး