Thai - Myanmar Business Matching Health & Beauty 2023 ကျင်းပ

Thai - Myanmar Business Matching Health & Beauty 2023 ကျင်းပ

ဇန်နဝါရီလ ၁၁ ရက်

ထိုင်းနိုင်ငံ၏ ကျန်းမာရေးနှင့်အလှအပဆိုင်ရာ လုပ်ငန်းများနှင့် စီးပွားမိတ်ဖက် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးခွင့်ရသည့် Thai – Myanmar Business Matching Health and Beauty 2023 ပြပွဲကြီးကို ယနေ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ရန်ကုန်မြို့ Novotel  Hotel ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။  

ပြပွဲတွင်  မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး  Royal Thai Embassy မှ   Minister Counsellor, Assoc. Prof. Thanawut Naigowit ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဋ္ဌေးအောင်၊ ပြည်ထောင်စုသမ္မတမြန်မာနို်ငငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်  ဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ် ၊ မြန်မာနိုင်ငံ အလှကုန်အသင်း ဥက္ကဋ္ဌ  ဒေါက်တာစုလှဟန်တို့မှ တက်ရောက်အမှာစကားများ ပြောကြားကာ ပြပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြသည်။

 

  

ပြပွဲကို ထိုင်း-မြန်မာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်၊ ကုန်သွယ်မှုနှင့် စီးပွားရေး အခွင့်အလမ်းများ တိုးတက်လာစေရန်၊ အရေးပါသော ချိတ်ဆက်မှုများ ရရှိစေရန် နှင့် အကျိုးအမြတ်များ ပိုမိုဖြစ်ထွန်း တိုးတက် လာစေရန်အတွက်  ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံရှိ အရည်အသွေး ပြည့်ဝစံချိန် မှီသော Health Checkup , Medical Treatment Programs,  Beauty & Cosmetics Products များကို ရှာဖွေနေသူများအတွက် အထူးသင့်လျော်သော  Event ပွဲကြီးဖြစ်ပါသည်။

 

ပြပွဲတွင် အတွေ့အကြုံ (၁၀)နှစ်ကျော် ရှိသော အသားအရေ ထိန်းသိမ်းအလှကုန်နှင့် ဖြည့်စွက်စာများ ထုတ်လုပ်ရန်အတွက် ပြီးပြည့်စုံသော စက်ရုံများ၊ ခေတ်မီ ထုတ်လုပ်ရေး လုပ်ငန်းများမှ ကိုယ်စားလှယ်များ ၊ သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင်များ၊ ဖြန့်ဝေသူများ၊ လက်ကား လုပ်ငန်း ရှင်ကြီးများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် တိုက်ရိုက် တွေ့ဆုံခွင့်ရသည့် ထိုင်း-မြန်မာ စီးပွားရေး လုပ်ငန်းလုပ်ငန်းရှင်များ အချင်းချင်း ချိတ်ဆက်ဖလှယ် ခဲ့ကြသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ရေရှည် တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းများ ရရှိစေနိုင် မှာလည်း ဖြစ်ပါသည်။  

 

            Thai- Myanmar Business Matching Health and Beauty 2023 ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိပြီး Department of International Trade Promotion, Ministry of Commerce, Thailand (DITP)  အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဝန်ကြီးဌာန (DITP) မှ   ပါဝင် ကူညီပံ့ပိုးထားပါသည်။ 

ပြပွဲတွင် ထိုင်းနိုင်ငံရှိ ထိပ်တန်းဆေးရုံကြီးများတွင် ဆေးကုသမှုခံယူလိုသူများကိုလည်း အခမဲ့ ဆွေးနွေးပေးသည့်အပြင် Cosmetic လုပ်ငန်းစိတ်ဝင်စားသူများ၊ မိမိ Brand နာမည်နှင့် စတင်ဖြန့်ချီလိုသူ များအနေဖြင့်လည်း ထိုင်းနိုင်ငံမှ နာမည်ကြီး OEM (Own-Equipment Manufacturing), ODM (Own – brand manufacturing) စက်ရုံများနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်သည့် ပြခန်းပေါင်း (၂၆)ခုကို ပြသခဲ့ကြသည်။  

 

                                                                                                       ကုန်သည်စက်မှုအသင်းချုပ် ( UMFCCI)

Back

UMFCCI News

ကုန်သည်စက်မှုအသင်းချုပ် ဝန်ထမ်းများ၏ ဝါကျွတ်ကန်တော့ပွဲအခမ်းအနား ကျင်းပ

ကုန်သည်စက်မှုအသင်းချုပ် ဝန်ထမ်းများ၏ ဝါကျွတ်ကန်တော့ပွဲအခမ်းအနား ကျင်းပ

'Made in Myanmar' ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်၌ မျက်နှာပန်းလှလှ ယှဉ်ပြိုင်တင်ပို့လိုပါက ယင်းထုတ်ကုန်များကို မြန်မာနိုင်ငံတွင်း၌သာ ထုပ်ပိုး ထုတ်လုပ်နိုင်သည့် စွမ်းအား packaging industry supply chain ကို ခိုင်ခိုင်မာမာ တည်ဆောက်ရန် လိုအပ်ကြောင်း အသင်းချုပ် ဥက္ကဋ္ဌ ပြောကြား

Myanmar Packaging Forum 2026

Digital Economy ခေတ်သစ်တွင် ယှဉ်ပြိုင်မှု၏ အခွင့်အလမ်းသစ်များနှင့် ပြောင်းလဲလာသော စိန်ခေါ်မှုများ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

Digital Economy ခေတ်သစ်တွင် ယှဉ်ပြိုင်မှု၏ အခွင့်အလမ်းသစ်များနှင့် ပြောင်းလဲလာသော စိန်ခေါ်မှုများ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း၏ ၁၈ ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးနှင့် ညစာစားပွဲသို့ အသင်းချုပ် ဥက္ကဋ္ဌ တက်ရောက် ဂုဏ်ပြု အမှာစကားပြောကြား

မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း၏ ၁၈ ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးနှင့် ညစာစားပွဲသို့ အသင်းချုပ် ဥက္ကဋ္ဌ တက်ရောက် ဂုဏ်ပြု အမှာစကားပြောကြား

MSMEs များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အရေးကြီးဆုံး ဆောင်ရွက်ရမည့်အချက်မှာ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရေးဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ပြောကြား

MSMEs များအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် ဆက်စပ်စီးပွားရေး လုပ်ငန်းများ အပြန်အလှန် အမှီပြု ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း တွဲဖက်ပြီး ပံ့ပိုးပေးရန် လိုကြောင်းနှင့် MSMEs များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အရေးကြီးဆုံး ဆောင်ရွက်ရမည့်အချက်မှာ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရေးဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ပြောကြား