အသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ

ဥက္ကဌ
-ဒေါက်တာအောင်သိန်း (JSG)
ဒုတိယဥက္ကဌ
- ဦးအေးထွန်း (Auditor)
အတွင်းရေးမှူး
-ဒေါက်တာခင်မောင်ဦး (EC)
တွဲဖက်အတွင်းရေးမှူး
-

 

ဖွဲ့စည်းခြင်းနှင့်ရည်မှန်းချက်

ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှု‌ဆောင်နှင့်အလုပ်အမှု‌ဆောင် အစည်းအ‌ဝေးဆုံးဖြတ်ချက်အရ ပုဂ္ဂိလကအ‌သေးစားအလတ်စားလုပ်ငန်းများအရှိန်အဟုတ်ဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိ‌စေရန်အလို့ငှာ ရင်ဆိုင် ကြုံ‌တွေ‌နေရသည့် အခက်အခဲ ၊ စိန်‌ခေါ်မှုများ ၊ အားသာချက်၊ အားနည်းချက်များကို ‌ဖော်ထုတ်၍ လိုအပ်ချက်များ အ‌ဖြေ ရှာလုပ်ကိုင်‌ပေးရန် အစီအမံများချမှတ်၍ အ‌ကောင်အထည်‌ဖော်လုပ်ကိုင်နိုင်သည့်အ‌သေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်း‌ကော်မတီကို ဖွဲ့စည်းထားပါသည်။ အဆိုပါအဖွဲ့၏ လုပ်ငန်းလိုအပ်ချက်အရ အ‌သေးစားနှင့် အလတ်စားဆိုင်ရာအသိပညာရှင် အတတ်ပညာရှင်များ နှင့် လုပ်ငန်းရှင်များကို အခါအား‌လျော်စွာ အဖွဲ့ဝင်အဖြစ် ထည့် သွင်းဖွဲ့စည်းရန်လည်းရည်ရွယ်ထားရှိပါသည်။ SME ‌ကော်မတီမှ အ‌ကောင်ထည်‌ဖော်‌ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ -

(၁) ပုဂ္ဂလိကအ‌သေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်း‌ကော်မတီမှ ‌အောက်ပါလုပ်ငန်းများ အစီအမံများကို နိုင်ငံ‌တော်ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကစီးပွား‌ရေးအသင်းအဖွဲ့များ လုပ်ငန်းရှင်များ‌တွေ့ဆုံ‌ဆွေး‌နွေးညှိနှိုင်း အ‌ဖြေရှာအ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်သွားရန်

(၂) အ‌သေးစားနှင့်အလတ်စားစီးပွား‌ရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုး‌ရေးကို အ‌ထောက်အကူအဖြစ်‌စေမည့် မူဝါဒ ဥပ‌ဒေ၊ စည်းမျဉ်းစည်းကမ်းများကို ပြဌာန်းနိုင်‌ရေးကို နိုင်ငံ‌တော်၏ ဝန်ကြီးဌာနများနှင့် ညှိနှိုင်း‌ဆွေး‌နွေး အ‌ကောင်အထည် ‌ဖော်‌ဆောင်ရွက်ရန်။

(၃) အ‌သေးစားနှင့်အလတ်စား စီးပွား‌ရေးလုပ်ငန်းများဖွ့ွံဖြိုးတိုးတက်‌ရေး နှစ်တိုနှစ်ရှည်စီမံကိန်း (SME Development Plan) ‌ရေးဆွဲ အ‌ကောင်အထည်‌ဖော်နိုင်‌ရေး‌ဆောင်ရွက်ရန်။

(၄) အ‌သေးစားနှင့်အလတ်စားစီးပွား‌ရေးလုပ်ငန်းရှင်များ အရင်းအနှီးလုံ‌လောက်စွာ လွယ်လွယ်ကူကူအတိုး သက်သာစွာဖြင့် ‌ချေး‌ငွေရရှိ‌ရေးကို ကူညီညှိနှိုင်း‌ဆောင်ရွက်‌ပေးရန်။

(၅) ဝန်‌ဆောင်မှုနှင့် ထုတ်လုပ်မှုဆိုင်ရာ နည်းပညာမြှင့်တင်‌ပေး‌ဝေခြင်း၊ အသိပညာ‌ပေးမှုနှင့် နည်းပညာ‌ပေးမှု ကို သင်တန်းများ၊ အလုပ်ရုံ‌ဆွေး‌နွေးပွဲများကို ပြုလုပ်‌ပေးခြင်းဖြင့် ကူညီ‌ဆောင်ရွက်‌ပေးရန်။

(၆) ပြည်တွင်းပြည်ပ ကုန်စည်ပြပွဲများနှင့် နည်းပညာဆိုင်ရာပြပွဲများကို တက်‌ရောက်ပါဝင်နိုင်‌ရေးကို ညှိနှိုင်း ‌ပေါင်းစပ်‌ဆောင်ရွက်‌ပေးခြင်းဖြင့် ‌ဈေးကွက်တိုးချဲ့လုပ်ကိုင်နိုင်သည့်အခွင့်အ‌ရေးရရှိ‌ရေးကူညီ‌ဆောင်ရွက်‌ပေးရန်။

(၇) စီးပွား‌ရေးနှင့်‌ဈေးကွက်သတင်းအချက်အလက်များကို အချိန်နှင့်တ‌ပြေးညီ စာ‌စောင်များ Website များ မှတ်တမ်းရယူဖြန့်ဖြူး‌ပေးရန်။

(၈) အ‌သေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ ပါဝင်လုပ်ကိုင်နိုင်သည့် အ‌ထောက်အကူပြုစက်မှုလက်မှု လုပ်ငန်းများ (Supporting Industries) များ ‌ခေတ်မီဖွံ့ဖြိုးတိုးတက်‌ပေါ်ထွန်းလာ‌စေရန်နှင့် တဆင့်ခံကန်ထရိုက်လုပ်ငန်း များ (Sub-Contracting) ပါဝင်လုပ်ကိုင်နိုင်လာ‌စေရန် တွန်းအား‌ပေးကူညီ‌ဆောင်ရွက်ရန်

(၉) ဖြစ်‌ပေါ်တိုးတက်လျက်ရှိ‌သော အ‌သေးစားနှင့်အလတ်စားစီးပွား‌ရေးလုပ်ငန်းများ (Existing Business Enterprises/Industries) များ ကျဆင်းပျက်ဆီးသွားနှုန်း ‌လျော့နည်းပ‌ပျောက်‌စေ‌ရေးနှင့် လုပ်ငန်းသစ်များ ‌ပေါ်‌ပေါက် လုပ် ကိုင်နိုင်‌ရေးတွန်းအား‌ပေး‌ဆောင်ရွက်ခြင်းဖြင့်အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားလာ‌စေ‌ရေး ကို ပံ့ပိုးကူညီ‌ဖြေရှင်း‌ပေး ရန်ဖြစ်သည်။

Back