Technical and Vocational Education and Training Unit (TVET Unit)

Technical and Vocational Education and Training Unit  (TVET Unit) ကို ၂၀၁၄ ခုနှစ်၊ မေလ (၉) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ 

စတင်ဖွဲ့စည်းရသည့်ရည်ရွယ်ချက်မှာ 

(က) သက်မွေးပညာကျွမ်းကျင်မှုဆိုင်ရာ မူဝါဒများ နှင့် နည်းဗျူဟာများ ချမှတ်ရန်
(ခ) လွတ်လပ်စွာတာဝန်ခံနိုင်သောမူဝါဒများရေးဆွဲ၍ ပုဂ္ဂလိကကဏ္ဍ နည်းပညာနှင့်သက်မွေးပညာ ကျွမ်းကျင်မှုလုပ်ငန်းများအား ထိထိရောက်ရောက်အကောင််အထည်ဖော်ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးရန်
(ဂ) နိုင်ငံသားများ၏လူမှုစီးပွားမြှင့်တင်နိုင်ရေးအတွက် လူနေမှုအဆင့်အတန်းနှင့် ငြိမ်းချမ်းမှုလိုအပ်နေ သောအရပ်ဒေသများတွင်သက်မွေးပညာကျွမ်းကျင်မှုသင်တန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရေး မူဝါဒချမှတ်ပံ့ပိုးပေးရန်တို့ ဖြစ်ပါသည်။ 

TVET Unit သည် စတင်တည်ထောင်သည့်အချိန်မှစ၍ ယနေ့အထိ အစိုးရ၊ သင်တန်းကျောင်း၊ ပြည်ပ အကြံပေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ဥပဒေပြုခြင်း၊ မူဝါဒများဆွေးနွေးအကြံပေးခြင်း၊ ပြည်တွင်းပြည်ပအစည်းအဝေးများ တက်ရောက်ဆွေးနွေးပေးခြင်း၊ အစိုးရမှ ဦးဆောင်သောကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ဆောင်ရွက်ရန်ရှိသည်များအား ညီနောင်အသင်းများ၊ အသင်းသားများ၊ မိတ််ဆက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများ ပါဝင်ပါသည်။ ထို့ပြင် TVET Unit သည် အသင်းသားများနှင့် စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများမှ အထူးလိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေး လျှက်ရှိပြီး တနိုင်တပိုင်လုပ်ငန်းရှင်များပေါ်ပေါက်လာစေရေး သင်ကြားလေ့ကျင့်ပေးလျှက်ရှိပါသည်။ 

လက်ရှိတွင် TVET Unit သည် Schneider Electric နှင့် ပူးပေါင်း၍ လျှပ်စစ်သက်မွေးပညာသင်တန်းများ ဆက်လက်ဖွင့်လှစ်လျှက်ရှိပါသည်။ GIZ- RECOTVET Program တွသ် စဉ်ဆက်မပြတ်ပါဝင်ခဲ့ပြီး In-Company Training program အားလည်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ Master Training Program Scholarship အတွက် သင်ကြားရေးနယ်ပယ်ရှိ ထူးချွန်သူများအား ကိုရီးယားနှင့် ဗီယက်နမ်သို့စေလွှတ်ခြင်း၊ ပထမအကြိမ်ဆောက်လုပ်ရေးကဏ္ဍနှင့် ဒုတိအကြိမ်ထုတ်လုပ်ရေးကဏ္ဍ အတွက် မန်နေဂျာအဆင့် ကြီးကြပ်သူအဆင့်ရှိသော ဝန်ထမ်းများ၊ ပိုင်ရှင်များနှင့် GTI၊ GTHS ကျောင်း များမှ ဆရာများအား In-company training သင်တန်းများ ပို့ချပေးခြင်းများ ပြုလုပ်လျှက်ရှိပါသည်။ 

ညီနောင်အသင်းများနှင့်ပူးပေါင်း၍ သင်တန်းများ ပိုမိုတိုးချဲ့တိုးတက်လာစေရေး၊ သင်ကြားမှုအရည် အသွေးများ တိုးတက်လာစေရေး၊ စစ်ဆေးမှုအရည်အသွေးများ တိုးတက်လာစေရေး၊ နိုင်ငံအနှံ့တိုးချဲ့ ဖွင့်လှစ်နိုင်စေရေး၊ လိုအပ်သောကျွမ်းကျင်မှုအစုံ ဖွင့်လှစ်နိုင်စေရေး၊ လိုအပ်သောကဏ္ဍစုံ ဖွင့်လှစ်စေ နိုင်ရေး၊ ဖွင့်လှစ်လျှက်ရှိသောသင်တန်းများစုစည်းပေါင်းစပ်ရေး၊ အကောင်အထည်ဖော်ရေးပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Back